ပခုက္ကူနည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသောစစ်အုပ်စု ၆၀ မမဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး


ပခုက္ကူ၊ ဧပြီ ၁၅ ၊ ၂၀၂၂။

ပခုက္ကူမြို့ နည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့အား ဧပြီလ ၁၄ ရက်နေ့က PDF ၄ ဖွဲ့ပူးပေါင်း၍ ၆၀ မမလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake People 's Defence Foce-UGတာဝန်ခံက မြေလတ်အသံသို့ ပြောသည်။

ဧပြီ ၁၄ရက် ‌နေ့လယ် ၂နာရီဝန်းကျင်တွင် ၆၀ မမ အပါအဝင် လက်နက်ငယ်များနှင့်ပါ ပစ်ခတ်ခဲ့သောကြောင့် စစ်အုပ်စုဘက်က ၅ဦးဿေဆုံးကြောင်း အတွင်းသတင်းများအရ သိရသည်ဟု ဆိုသည်။

" ၅ ဦးလောက်ကျဆုံးတယ်လို့ပြောတယ်၊ ရဲအတွင်းထဲက ဖရဲသီးတယောက်ကလှမ်းပြောတာ၊ နောက်ပြီးတော့လူနာတင်ကားနဲ့ တင်သွားတယ်လို့ အဲဒီနားကလူတွေကပြောတာလည်းသိရပါတယ်"  လို့ Earthquake People 's Defence Foce-UG တာဝန်ခံက ပြောသည်။

တပ်စွဲထားသောစစ်အုပ်စုအား Earthquake People 's Defence Foce-UG ၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Young Force -UG နှင့် PW Generation တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မြေလတ်အသံ - Myaelatt Athan 

ပခုက္ကူနည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသောစစ်အုပ်စု ၆၀ မမဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး ပခုက္ကူနည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသောစစ်အုပ်စု ၆၀ မမဖြင့် ပစ်ခတ်ခံရ၍ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:26 Rating: 5

No comments:

Powered by Blogger.