နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့


ဧပြီ ၁၁ ရက်

"နန်းထိုက်အောင်" စစ်ဆင်ရေး၏ ရန်ကုန်မြို့ပြ စစ်ရေးလှုပ်ရှားမှုများအဖြစ် ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၈ ရက်နေ့တွင် တွံတေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် နေရာယူထားသည့်နေရာ နှင့် စစ်ကောင်စီထေက်တိုင်ရှိရာ နေရာ ၂ ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကော့မှုးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၉ ရက်နေ့မှာတော့ ရွှေပြည်သာမြို့နယ်အမှတ်(၄)လမ်းမ တညင်းကုန်းရထားသံလမ်းအနီး စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အင်းစိန်မြို့နယ်တွင် စစ်ကောင်စီလုံခြုံရေးဂိတ် ၂ ခုဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဧပြီ ၉ ရက်မှာလည်း မင်္ဂလာဒုံမြို့နယ် လေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး  ဧပြီ ၁၀ ရက် မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီထောက်တိုင်များ ပစ်ခတ် တိုက်ခိုက်ခဲ့ကာ  သုံးခွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စွဲထားရာ နေရာ၄ ခုကို ဖောက်ခွဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁၀ ရက်နေ့ တစ်ရက်တည်းမှာပဲ လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ ထောက်တိုင်များ စုဝေးရာနေရာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကာ ကမာရွတ်မြို့နယ် အင်းယားလမ်းပေါ် ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းထောင့်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့ နေအိမ်ရှိရာ အိမ်ရာဝင်းဂိတ်အား ပစ်ခတ်မှုပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထား​ပါတယ်။

ထို့အပြင် လမ်းမတော်မြို့နယ် မော်တင်ဆိပ်ကမ်းတွင်ရှိနေသော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်အား ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ " နန်းထိုက်အောင်" စစ်ဆင်ရေး ၃ ရက်တာအတွင်း လှုပ်ရှားမှုများကို ထုတ်ပြန်ထားပါတယ်။


Ayeyarwaddy Times 

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ၃ ရက်အတွင်း ရန်ကုန်တိုင်း ၉ မြို့နယ်တွင် တိုက်ခိုက်မှု ၁၀ ကြိမ် လုပ်ဆောင်နိုင်ခဲ့ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.