လှိုင်သာယာမြို့နယ်တွင်း ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးအနီးက ဘယ်သူမှဂရုမစိုက်တဲ့ ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲ၍ ၂ဦးထိခိုက်
(ဧပြီလ ၁၄ ရက်)
လှိုင်သာယာမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအနီးမှာ နေ့ညမပြတ် သီချင်းဖွင့် မူးရူးကခုန်နေသော ရေကစားမဏ္ဍပ်မှာ ဒီကနေ့ မွန်လွှဲ (၂:၃၀)ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။
" ပေါက်တာက စစ်ကိုင်းလမ်း အာမာန်မှတ်တိုင်နားက ဘယ်သူမှဂရုမစိုက်သလို ရပ်ကျေးအားကိုးနဲ့ မူးရူးကခုန် နေ့ညမပြတ်ပျော်ပါးနေတဲ့ မဏ္ဍပ်မှာပေါက်သွားတာ အမျိုးသား (၁)ဦးသေပြီး အမျိုးသမီး (၁)ဦး ဒဏ်ရာရသွားတယ် ဗုံးလည်းပေါက်ကော အကုန်တိတ်ဆိတ်သွားတယ်လို့ " ဒေသခံတစ်ဦးကဆိုပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ပြည်သူတွေမပါဝင်တဲ့ သွေးစွန်းသင်္ကြန်ကို အများပြည်သူစိတ်အနှောက်အယှက်ဖြစ်အောင် အုပ်ကြီး ဒလန်အားကိုးနဲ့ မူးရူးကခုန်နေတဲ့အတွက် YGN PDF ၊ Burma Dragon Army၊ SRF၊ Free Tiger Rangerတိုပူးပေါင်း၍ ရေကစားခြင်းရပ်တန့်ဖို့အချက်ပြ သတိပေးတားမြစ်သော်လည်း ဆက်လက်လုပ်ဆောင်နေတာကြောင့် ဖောက်ခွဲမှုပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ် ပြန်ထားပါသည်။
ဒါပြင် အများပြည်သူများအနေနဲ့ စစ်ကောင်စီကပြုလုပ်သော သွေးစွန်းသင်္ကြန်တွင် ပါဝင်ခြင်းမပြုပဲ အဝေးမှာနေပေးကြဖို့ သတိပေးတိုက်တွန်းထုတ်ပြန်ထားပါသည်။
HTY Information
No comments:
Post a Comment