နတ်မောက်မြို့နယ်က နာမည်ကြီး ဒလန်တဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး


နတ်မောက်၊ ဧပြီ ၁၅၊ ၂၀၂၂။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်စံပြကျေးရွာမှာ စစ်တပ်ကို ရွာမှာခေါ်ပြီး ဒေသခံပြည်သူလူထုကို ဒုက္ခပေးနေတဲ့ ဒလန်အကြီးစား သန်းလွင်ဆိုသူကို ဒီကနေ့ မနက်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ငါးပြေမပြောက်ကျား တပ်ဖွဲ့ ဗိုလ်ငါးခူဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာ နေအိမ်ကထွက်လာတဲ့အချိန် ရွာလယ်ခေါင်မှာပဲ ရင်ဘတ်ကို ၃ ချက်တိတိပစ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ဗိုလ်ငါးခူက ပြောပါတယ်။

"ဒီကောင်ကစစ်တပ်ကို ရွာမှာခေါ်ထားတာ၊ စစ်တပ်က မနေ့ကမှ ပြန်သိမ်းသွားတာ၊ ရပ်ရွာပြည်သူလူထုတွေကို ဒီကောင်က မတရားသဖြင့် ချောက်တွန်းပြီး ဖမ်းခိုင်းတယ်။ တချို့ဆို အိုးတွေ အိမ်တွေပစ်ပြီး ထွက်ပြေးရတယ်။ သူ့ကြောင့် ထောင်ကျတဲ့ သူတွေလည်းရှိတယ်။ ရွာထဲမှာရှိတဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ပြာချခဲ့တာ" လို့ ဗိုလ်ငါးခူက ပြောပါတယ်။

အဲ့ဒီ နတ်မောက်မြို့နယ် ကုလာရှင်စံပြကျေးရွာမှာ ဒီနေ့သေဆုံးသွားတဲ့ သန်းလွင်လိုမျိုး ဒလံတွေကျန်နေသေးလို့ ပြည်သူကို ထိခိုက်အောင် လုပ်နေမယ်ဆိုရင် ထပ်ပြီးရှင်းလင်းသွားမှာဖြစ်တယ်လို့ ဗိုလ်ငါးခူက ပြောပါတယ်။

"အဲ့ဒီရွာမှာ အများကြီး ကျန်သေးတယ်။ တော်တော်ဆိုးဆိုးရွာ၊ အဓိကတော့ ကျနော်တို့ပြည်သူတွေကိုထိရင် ကျနော်တို့အနေနဲ့ မလုပ်ရဲတာ ဘာမှမရှိဘူး။ အကုန်လုံးကျနော်တို့ အဆုံးစွန်ထိ လုပ်မယ်" လို့ ငါးပြေမ ပြောက်ကျား တပ်ဖွဲ့  ဗိုလ်ငါးခူက ပြောပါတယ်။

ဒီနေ့မနက် ကုလားရှင်စံပြကျေးရွာက ဒလံသန်းလွင်ဆိုသူကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းတာကို ငါပြေမပြောက်ကျားတပ်အပြင် နတ်မောက် PDF ဗိုလ်ရာကျော်အဖွဲ့တို့နဲ့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

နတ်မောက်မြို့နယ်က နာမည်ကြီး ဒလန်တဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး နတ်မောက်မြို့နယ်က နာမည်ကြီး ဒလန်တဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.