ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင် စီတပ် အလစ်ဝင်တိုက်ခံရသဖြင့် နှစ်ဦးသေ


ဂန့်ဂေါ၊ ဧပြီ ၂၇ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ စည်ပင်ရပ်ကွက် ဘုရားသုံးဆူကုန်းဆင်းအနီးတွင် ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ဧပြီလ ၂၆ ရက်၊ ည ၉ နာရီအချိန်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက အလစ်ဝင်တိုက်ခဲ့သဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း YDF က တာဝန်ရှိသူတစ်ဦးကပြောသည်။ 

"မြို့ထဲကိုဝင်လာမယ့်လမ်းတွေမှာ သူတို့ကကင်းပုန်းချထားတာ။ အဲ့ဒါကို ဆီးပြီး ဆော်လိုက်တာ။ သေတာကတော့စစ်သားသေတာ။ ရဲမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

အဆိုပါတိုက်ခိုက်မှုကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၅၊ တပ်ဖွဲ ၄ ကစစ် သည်များတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၈ မိနစ်ကြာအပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် တပ်ဖွဲ့ဝင် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YDF က ယနေ့မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းကလည်း ဂန့်ဂေါဘက်မှ ထီးလင်းဘက်သို့စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ် ကောင်စီတပ်မ ၁၁ စစ်ကြောင်းကို ယောဒေသကာကွယ် ရေးတပ်ရှိ လက်ရွေးစင်တပ်သားများက စောင့် ကြိုတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေများအကျအဆုံးများနိုင်ကာ တစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


Lu Nge Khit

ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင် စီတပ် အလစ်ဝင်တိုက်ခံရသဖြင့် နှစ်ဦးသေ ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင် စီတပ် အလစ်ဝင်တိုက်ခံရသဖြင့် နှစ်ဦးသေ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.