ဓါတ်ပုံ-CDF KKG တပ်ဖွဲ့ဝင်များ |
ကလေး၊ ဧပြီ ၂၃ ၊ ၂၀၂၂။
ကလေးနယ်တောင်ပိုင်း၊ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ ရေရှင်ရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီပျူစောထီးများနှင့် CDF-KKG ပူးပေါင်းအဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။
ကျောက်ပြုတ်ရွာနှင့် အင်းကျွန်းရွာတို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်များဖြစ်ပြီး ဧပြီလ ၂၂ ရက်နေ့ကတက်လာစဉ်တိုက်ပွဲဖြစ်ကာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကြောင်း Chinland Defense Force- Kalay- Kabaw- Gangaw တာဝန်ခံက မြေလတ်အသံကိုပြောသည်။
"ထိပ်တိုက်ထိတွေ့မှုဖြစ်ခဲ့တာပါ၊ တိုက်ပွဲကတော့ တနေကုန်နီးပါလို့ပြောရမှာပါ၊ မနက် ၁၀ နာရီကဖြစ်တာ ညနေ ၅ နာရီ ၆ နာရီ မှာ စစ်ကောင်စီဘက်ကနေ ပျူစောထီးတွေကော ပြန်ပြီးဆုတ်ခွာသွားကြတယ်။ ရရှိထားတဲ့ မြေပြင်သတင်းအချက်အလက်အရ ပျူစောထီးနဲ့စစ်သား ၁၀ ယောက်ထက်မနည်းကျမယ်လို့တော့ခန့်မှန်းထားတာပေါ့၊ အခုနောက်ထပ် ထပ်တိုးသိရတာက ပျူစောထီးနဲ့စစ်သားတွေရဲ့ အလောင်းကိုတွေ့ရှိထားတယ်လို့ သိရပါတယ်"ဟု တာဝန်ခံကပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးဒဏ်ကြောင့် CDF တပ်ရင်း ၇ မှ ရဲဘော်တယောက်တော့ကျဆုံးပြီး ၂ ဦးကတော့ဒဏ်ရာရရှိ၊ ကာ ၃ ယောက်လုံး CDF တပ်ရင်း ၇ ကဖြစ်ကြောင်း သိရသည်။
စစ်ကောင်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျပြီး ရေရှင်ရွာက နေအိမ် ၇ လုံးပျက်စီး ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီဘက်ကအင်အားဖြည့်တင်းမှုတွေလုပ်ပြီး နေရာယူဖို့လုပ်နေကာ တိုက်ပွဲတွင် CDF တပ်ရင်း ၇ ၊ CDF-KKG တပ်ရင်း ၄၊ RKDFတို့ ကျန်တဲ့ဒေသခံ ပကဖအဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment