မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြိး ၂ ဦးသေဆုံး


ရွှေဘို၊ ဧပြီ ၁၊ ၂၀၂၂။ 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း မိုင်းရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်သားတွေ မတ်လ ၃၁ ရက် မနေ့ကမနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

ရွှေဘိုမြို့နယ်၊ မင်္ဂလာရွာနဲ့ ဇီးကုန်းရွာကြားရှိ ဂျိုက်ကာကွင်းထိပ်မှာ မိုင်းရှင်းနေတဲ့စစ်သားတွေကို ရှေ့ထွက်မိုင်း ၂ လုံး၊ ပါဆယ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Snake Eyes PDF တာဝန်ခံကပြောပါတယ်။ 

“မိုင်းခွဲတာက ရွှေဘိုမြို့နယ်၊ ဇီးကုန်းရွာအနောက်ဘက်မှာ ကား ၂ စီးနဲ့ မိုင်းရှင်းလာနေတဲ့အဖွဲ့ပေါ့၊ အဲ့ဒါကိုမိုင်းခွဲလိုက်တာ ၂ ယောက်သေတယ်၊” လို့ သူကပြောပါတယ်။ 

အဲ့ဒီနောက် နေ့လည် ၁၁ နာရီခွဲလောက်မှာလည်း ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပြီး၊ မနေ့က တနေ့ထဲမှာတင် စစ်ဆင်ရေး ၂ ကြိမ်လုပ်ခဲ့တယ်လို့  Snake Eyes PDF တာဝန်ခံကဆက်ပြောပါတယ်။ 

“၉ နာရီ မိနစ် ၄၀ လောက်က မိုင်းခွဲတာတကြိမ်၊ နေ့လည်ပိုင်း ၁၁ နဲ့ ၁၂ ကြားမှာက ဒရုန်းနဲ့ချတာတကြိမ်၊ စုစုပေါင်း ၂ ကြိမ်၊ ဒရုန်းနဲ့ချတာက ရွှေဘိုမြို့နယ်ဆိတ်ခွန်ရွာမှာပါ၊ သူတို့က အဲ့မှာတပ်စွဲထားတာ၊ စခန်းထဲမှာရှိတဲ့ တပ်သားတွေက လမ်းသွားလမ်းလာတွေ၊ ကားတွေကိုပိုက်ဆံကောက်တာ၊ အဲ့ဒါကို ကျနော်တို့က ဗုံးနဲ့သွာချတာ၊” လို့ ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို SNAKE EYES - PDF ၊ C&T(SHWEBO) ၊ People Defence Force - Shwebo ၊ Alpha-7 ၊ နဂါးတပ်စု ၊ ဒေါင်းမာန် နဲ့ ဘိန်းဘုရင်ခွန်ဆာအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြိး၊ PDF ရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်း  SNAKE EYES – PDF က တုတ်ပြန်ထားပါတယ်။ 

မတ်လ ၂၅ ရက်ကလည်း ရွေဘိုမြိုန့ယ်၊ ဆိပ်ခွန်ရွာနဲ့ ဇီးဖြူကုန်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို SNAKE EYES – PDF နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။ 


Zayar Times - ဇေယျာတိုင်း

မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြိး ၂ ဦးသေဆုံး မိုင်းရှင်းလာတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြိး ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:38 Rating: 5

No comments:

Powered by Blogger.