တန့်ဆည်၊ ဧပြီ၈ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ရွှေဥယာဥ်တည်းခိုခန်းအနီးမှာ ဧပြီလ၈ရက် ဒီနေ့မနက် ၉ နာရီလောက်က မိုင်းဆွဲခဲ့တဲ့အတွက် စစ်ကောင်စီ အရာရှိအချို့ သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့တန့်ဆည်ဖိနစ်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ၃ပွင့်တဦး၊ ဒုရဲမှူးတဦးနဲ့ ထွေအုပ်အကြီးအကဲတဦးတို့ အနီးမှာ ဖောက်ခွဲနိုင်ခဲ့တာလို့ ဆိုပါတယ်။
"ကိုဗစ်ဆေးထိုးတာလို့ ပြောပါတယ် ရွှေဥယျာဥ် တည်းခိုခန်းနားက အဆောက်အဦးပါ မိုင်းအကြီးပါ အားပြင်းပါတယ်"လို့ တန့်ဆည်ဖိနစ်က ပြန်ကြားရေးတာဝန်ခံ အနောက ပြောပါတယ်။
မိုင်းဧရိယာနဲ့ အနီးဆုံးမှာ ထိုင်နေတဲ့ထွေအုပ်အကြီးအကဲ၊ ၃ပွင့်စစ်ဗိုလ်၊ ၃ပွင့်ရဲတို့အနက် နှစ်ဦးသေ တဦး လက်ပြတ်ကာ ဆေးထိုးပေးနေတဲ့ Non CDM ဆရာမနဲ့ ဝန်ထမ်းအချို့လည်း ထိခိုက်ဒါဏ်ရာတွေ ရရှိခဲ့သလို မိုင်းဇုံအတွင်းမှာလည်း ဖိနပ်တစ်ရံနဲ့ သွေးအစအနတွေ ကျန်ခဲ့တယ်လို့လည်း တန့်ဆည်ဖိနစ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မူကို တန့်ဆည်မြို့နယ် တပ်မဟာ(၂)၊ တပ်ရင်း(၇)၊ တပ်ခွဲ(၃)ကPhoenix Defence Force - Taze က ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့အဖွဲ့ဟာ ဧပြီလ ၆ရက်နေ့ကလည်း အင်္ကုက္ကာရွာက စစ်ကောင်စီကို သွားတိုက်ခဲ့တာမှာလည်း စစ်ကောင်စီ၂ဦးသေပြီး ၂ဦး ဒဏ်ရာရခဲ့ ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment