အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ်အရှေ့ပိုင်းကို ဝင်ရောက်မွှေနောက်နေပြီး လျှပ်စီးပြောက်ကျားတပ်ဖွဲ့ဝင်သုံးဦးကိုဖမ်းဆီး
ဝက်လက်၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းကိုစစ်တပ်ကဝင်ရောက်မွှေနှောက်နေပြီး ယမန်နေ့ညပိုင်းက လျှပ်စီးပြောက်ကျား တပ်ဖွဲ့ဝင် သုံးဦးဖမ်းဆီးခံလိုက်ရကြောင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံကသိရသည်။
ယမန်နေ့ ဧပြီလ၂၄ရက် နံနက်ပိုင်းက စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် အရှေ့ပိုင်းကို ဝင် ရောက်မွှေနှောက်နေပြီး ညပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် တောနင်းကာ PDF များကိုရှာဖွေခဲ့ကြောင်းသိရသည်။
"လျှပ်စီးအဖွဲ့က ကင်းစောင့်နေတဲ့အချိန် ထိပ်တိုက်တွေ့ပြီး သုံးယောက်ပါသွားတာ။စစ်တပ်က တောနင်းပြီးလာတာ ခြေသံအရမ်းလုံတယ်။ ဘယ်သူမှမသိလိုက်ခင် မှာဖြစ်သွားတာ" ဟု တောကြီးမြွေပွေး(ရှိန်းမကားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ကပြောသည်။
ဖမ်းဆီးထားသူများကိုစစ်တပ် တပ်စွဲထားသည့် ရုံးပင်ကုန်းကျေးရွာသို့ခေါ်ဆောင် သွားသည်ဟု သိရသည်။
လက်ရှိအချိန်တွင် စစ်တပ်က ဝက်လက် မြို့နယ်အရှေ့ပိုင်း ရှိမ်းမကားကျေးရွာ၊ ရုံးပင်ကုန်းကျေးရွာ၊သစ်ဆိမ့်ကျေးရွာ၊ရှားကွဲကျေးရွာတို့တွင် တပ်စွဲထားသည်။
ယမန်နေ့ညနေ၆နာရီခန့်မှစတင်ကာ သစ်ဆိမ့်ကျေးရွာရဲစခန်းနှင့် အနီးရှိနေအိမ်တစ်လုံး၊ရွာသစ်ရွာမှ NLDပါတီထောက်ခံသူတစ်ဦး၏နေအိမ်တို့ကိုလည်း စစ် တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
Lu Nge Khit
No comments:
Post a Comment