ကြားဖြတ်တိုက်ခိုက်ခံရလို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး

 


ဂန့်ဂေါ၊ ဧပြီ ၂၀ ၊ ၂၀၂၂။

ဂန့်ဂေါမြို့နဲ့၊ အနောက်ဂန့်ဂေါကြားဖြစ်ပွားနေတဲ့ တိုက်ပွဲဆီစစ်ကူလာတဲ့ အဖွဲ့ကို စည်ပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး ခဲ့ပါတယ်။

တိုက်ခိုက်မှုကို ဧပြီလ ၁၈ ရက်နေ့ ည ၉ နာရီခန့်က ယောဒေသကာကွယ်ရေးတပ် ( YDF ) က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖက်က ၁၀ ဝန်းကျင်ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

"စပစ်ကြတော့ ဂန့်ဂေါမြိုထဲကနေမြို့အဝင်အဝကို စစ်ကူလာတဲ့ကား ၁ စီးကို စောင့်ကြိုပြီးမှ တိုက်ခိုက်ခဲ့တာဗျ၊ သူတို့ဘက်ကအားလုံးတော့ထိတယ်ဗျ၊ အားလုံးလည်းပြင်းထန်ဒဏ်ရာရတယ်ပေါ့၊ သေတာကတော့ ဂန့်ဂေါမြို့နယ် မြို့နယ်ရဲမှူးသေသွားတယ်၊ တပွင့်ဗိုလ်ဗိုလ်လေးသေတယ်၊ ရဲတပ်သား ၂ ဦးသေတယ်၊ သေတာတော့စုစုပေါင်း ၄ ယောက်ပေါ့၊ ၆ ဦးဒဏ်ရာရသွားကြတယ် ၊အဲဒီ ၆ ဦးလည်းဆေးရုံတင်ထားရတယ်" လို့ Yaw Defense Force-YDFတာဝန်ခံကပြောပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ကြားဖြတ်တိုက်ခိုက်ခံရလို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး ကြားဖြတ်တိုက်ခိုက်ခံရလို့ ဂန့်ဂေါမြို့နယ်ရဲမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၄ ဦးသေဆုံး Reviewed by THITHTOOLWIN on 00:07 Rating: 5

No comments:

Powered by Blogger.