ရွှေဘို ဆိပ်ခွန်ရွာမှာ စျေးဝယ်ပြန်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်၊ မုန့်ဟင်းခါး သုံးပွဲရဟုဆို
ဧပြီ - ၁၀
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာထဲ အထိုင်ချထားပြီး ဒေသတွင်း မွှေနှောက်လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က စျေးဝယ်ပြီးပြန်လာချိန် စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦးသေပြီး နှစ်ဦး ဒဏ်ရာ ရသွားတယ်လို့ ရွှေဘို SNAKE EYES PDF က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ(၉)ရက်က ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာထဲ အထိုင်ချထားတဲ့ စစ်အုက်စုကို စျေးဝယ်ပြန်လာချိန်မှာ SNAKE EYES PDF နှင့် C&T SHWEBO တို့ က စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဈေးဝယ်အပြန်တွင် SNAKE EYES PDF နှင့် C&T SHWEBO တို့မှ စောင့်ကြို၍ မိုင်းဖြင့် ဧည့်ခံခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ သုံးဦး မုန့်ဟင်းခါးဖြစ်ပြီး နှစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါသည်။ မိမိကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့သည်” လို့ ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီက ဆိပ်ခွန်ရွာထဲ စီးနင်းဝင်ရောက်ကာ ဒေသခံတွေရဲ့ ယက္ကန်းထည် ပစ္စည်းတွေကို ခိုးယူလုယက် ခဲ့ပြီးနောက် ရွာထဲအထိုင်ချကာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နေသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လမ်းသွားလမ်းလာ လူငယ်သုံးဦး ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment