ဝက်လက်နယ်ထဲ ဝင်မွှေလုယက်ပြီး ပြန်လာတဲ့ စစ်အုပ်စုကို မန္တလေး - ရွှေဘိုလမ်း စိုင်နိုင်ကွေ့မှာ မိုင်းဆွဲ တိုက်ခိုက်၊စခ (၂၀)ငရဲရောက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်းက ရွာတွေထဲ ဝင်မွှေသောင်းကျန်း လုယက်နေတဲ့ စစ်အုပ်စုကို မနေ့က နေ့လယ်ပိုင်းအချိန် မန္တလေး - ရွှေဘိုလမ်း၊ စိုင်နိုင်ကွေ့အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအကြမ်းဖက်သမားတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ရွှေဘို ယမ်းဘီလူး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အင်အား (၂၀၀)လောက် ရှိတဲ့ စစ်အုပ်စဟာ ဧပြီ(၂၆)ရက်ကတည်းက ဝက်လက်နယ် ရွာတွေထဲ ဝင်မွှေလုယက်နေတာ ဖြစ်ပြီး မနေ့က ဧပြီ(၂၇)ရက် နေ့လယ်(၁)နာရီကျော်မှာ မုဆိုးခြုံရွာထဲက ခိုးယူလုယက်လာတဲ့ ပစ္စည်းတွေနှင့်အတူ ကား(၁၀)စ်ီးနဲ့ မန္တလေး - ရွှေဘိုလမ်းအတိုင်း ပြန်ထွက်လာချိန် စိုင်နိုင်ကွေ့ အနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲပတွေက မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စခ ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့ပါသည်။ စခ (၂၀)ခန့် ငရဲပြည်သို့ ပို့ဆောင် ခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါသည်” လို့ ရွှေဘို ယမ်းဘီလူး တပ်ဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို ရွှေဘိုယမ်းဘီလူးနှင့် မဟာမိတ်တွေဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း(၂၃)၊ ShweBo Defense Force - SBDF၊ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့၊ နဂါးပျံသိဒ္ဓိရှင် ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ အနီးအနားက စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ရွာတွေထဲ ဝင်မွှေရမ်းကားပြီး လက်နက်မဲ့ အရပ်သား ပြည်သူတွေကို လိုက်လံပစ်ခတ်လို့ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဒေသခံတွေ ထွက်ပြေးသွားတဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ရွာတွေထဲ ဝင်မွှေပြီး တန်ဘိုးကြီး ပစ္စည်းတွေ ဖောက်ထွင်းလုယက် ခိုးယူသလို တွေ့သမျှလူ ပစ်ခတ်သတ်ဖြတ်တာကြောင့် ဆန်စက်မှာ အစောင့်နေနေတဲ့ ပြည်သူတစ်ဦး သေဆုံးပြီး တခြား ဒေသခံနှစ်ဦးလည်း သေနတ်မှန် ဒဏ်ရာရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
"စစ်ကားအကြီး ခုနှစ်စီး၊ ဂျမ်ပါ ကား တစ်စီး ရောက်လာတာ။ အဲ့မှာ သူတိုထဲက ကားတစ်စီး မိုင်းထိမိတာ။ အဲ့ဒါကို သူတိုကား မိုင်းထိမိတာကို အဲ့ဒါ သူတိုက ရွာထဲဝင်ပစ်တာ။ အင်းအားတော့များတယ်။ သူတို လူတွေ ထိရင် ရမ်းသမ်းပစ် လမ်းပေါ်ရှိ ကားအသွားအလာတွေ မရှိတော့ဘူး။ တချို့ကားတွေဆို ဓာတ်ဆီဆိုင်တွေမှာ ရပ်နားထားရတာ။ သူတို့ ကားတွေက မြောက်ဘက်မောင်းပြီး သူတိုဘက်က တစ်စီးထိတော့ ဘေးပတ်လည်း ပတ်ရမ်းနေကြတာ” လို့ စစ်အုပ်စု သောင်းကျန်းရမ်းကားနေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးက ပြောကြောင်း ရွှေဘိုမြေပြင်သတင်းအဖွဲ့က ဖော်ပြထားပါတယ်။
စစ်အုပ်စု ဝင်မွှေသောင်းကျန်း ရမ်းကားခဲ့တဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး ရွာတွေထဲ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စစ်အုပ်စုဟာ သင်္ကြန်ကာလ စတင်ပြီး စစ်ကိုင်းနှင့် ဝက်လက်နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပြီး လူသတ်၊ ဓာပြတိုက်လုယက်၊ နေအိမ်မီးရှို့တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဝက်လက်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းက မြို့နယ် အများအပြားကို အင်တာနက် ဖြတ်တောက်ပြီး ထင်တိုင်းကျဲ လုယက် သောင်းကျန်း သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
MFP
Zayar Times
No comments:
Post a Comment