စစ်တပ်အင်အား ၁၀၀ခန့် ဂန့်ဂေါနယ်တောင်ပိုင်းမှ မြို့ဘက်ဝန်းကျင်သို့ ဦးတည်လာနေ၊ ပြည်သူများ လုံခြုံရာအရပ်၌သာနေထိုင်ကြရန် မြို့နယ်ပအဖ တိုက်တွန်း
ဂန့်ဂေါ ဧပြီ ၇
ယမန်နေ့က ပန်းထိပ်ရွာကိုရောက်ရှိနေတဲ့ အကြမ်းဖက်စစ်ခွေးများဟာ ယနေ့နံနက်ပိုင်းတွင် ပန်းထိပ်ရွာမှထွက်ခွာသွားပြီး ခေါက်ခူရွာကိုကွင်း၍ အနောက်ဘက်တောင်ကျောအတိုင်း ဂန့်ဂေါဘက်သို့ဦးတည်နေတယ်လို့ PDF-GanGaw(တောင်ပိုင်းအဖွဲ့)က ပြောပါတယ်။
စစ်တပ်ဘက်က ခန့်မှန်းအင်အား ၁၀၀ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ အဆိုပါစစ်ကြောင်းဟာ ဘယ်ဘက်ကိုသွားမယ် အတိအကျမသိရသေးဘူးလို့ ပြောကြပါတယ်။ ဂန့်ဂေါမြောက်ပိုင်းကနေ မြို့ဘက်ဦးတည်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကတော့ ကျော်ရွာအထိ ရောက်ရှိလာပြီး မြောက်ဘက်ကို ပြန်လည်ထွက်ခွာသွားပါတယ်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတော့ ပြည်သူအချင်းချင်း ကူညီကြဖို့ ၊ လုံခြုံရာအရပ်၌သာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
Gangaw Youths Voice
စစ်တပ်အင်အား ၁၀၀ခန့် ဂန့်ဂေါနယ်တောင်ပိုင်းမှ မြို့ဘက်ဝန်းကျင်သို့ ဦးတည်လာနေ၊ ပြည်သူများ လုံခြုံရာအရပ်၌သာနေထိုင်ကြရန် မြို့နယ်ပအဖ တိုက်တွန်း
Reviewed by THITHTOOLWIN
on
18:56
Rating:
No comments:
Post a Comment