ဧပြီ - ၂၅
မန္တလေးတိုင်း မြင်းခြံ - နွားထိုးကြီး ခရိုင်ချင်းဆက်လမ်းပေါ်မှာ ဒီမနက် (၆) နာရီလောက်က ပျူစောထီးနှစ်ယောက်ကို တွေ့ရလို့ ရှင်းလင်းခဲ့ရာ ပစ္စတိုနှစ်လက် ရရှိခဲ့တယ်လို့ မဟာမိတ်တပ်ပေါင်းစုတွေက သတင်းထုတ်ပြန်ပါတယ်။
Ranger of Mandalay အဖွဲ့၊ အနက်ရောင်သေမင်းအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်ပြီး သိမ်းဆည်းရမိတဲ့ အတိုနှစ်လက်ကို ဒေသခံ ပကဖအဖွဲ့ကို ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
" Mandalay UG များဟာ အဖိခံနေရပေမဲ့ ရတဲ့နေရာ ကနေ မဟာမိတ်အဖွဲ့များ ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ရတဲ့နေရာကနေ အင်အားစုစည်းပြီးတော်လှန်နေပါတယ်၊ ပြည်သူများအနေဖြင့် တော်လှန်ရေးသတိဖြင့်သွားလာပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ကူညီပေးကြပါ၊ ပြည်သူ့ကင်းထောက်အဖွဲ့များကို ကူညီပေးကြပါ၊ မြေပြင်သတင်းပေးပါ၊ ပူးပေါင်းပေးပါ " လို့ ROM အဖွဲ့ခေါင်းဆောင် ဗိုလ်ဖီးနစ်က အသိပေးတောင်းဆိုထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment