သထုံ၊ ဧပြီ ၂၅
သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ မနက် ၉ နာရီခန့်မှာ ဝီယော်ကျေးရွာရှိ စစ်ကောင်စီ ခမရ(၉)စခန်းကို KNLA တပ်မဟာ(၁)နဲ့PDF ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
"မနက်က စကစ ဝီယော်စခန်းကို လက်နက်ကြီးနဲ့ လေးငါးဆယ်ချက်လောက်သွားပစ်တယ်။ သူတို့ဘက်က ထိခိုက် သေဆုံးတာတွေ ရှိတယ်။''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဝီယော်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေကမကြာခဏဆိုသို သွားရောက်တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
လက်ရှိမှာတော့ KNU (၁) ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့KNLA ပူးပေါင်းအဖွဲ့တွေအကြား နှစ်ဖက်စစ်ရေး ပိုမို တင်းမားလာတာ ဖြစ်ပါတယ်။
သတင်း- သံလွင်တိုင်းမ်
No comments:
Post a Comment