စစ်ကိုင်းမှ မုံရွာသို့ ထွက်လာသော စစ်ယာဥ်တန်းများ ပဒေသာမိုင်းထိ၊ အနည်းဆုံး ၂၀ ဦးခန့် သေဆုံး၊ ကားတစ်စီး လုံးဝပျက်စီး
ဧပြီ ၂၇၊ ၂၀၂၂။
စစ်ကိုင်းမှထွက်လာသောစစ်ကောက်စီယာဥ်တန်း နှစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ ထွက်ခွာသွားသော အကြမ်းဖက်စစ်ကောင်စီ၏ ကားအစီးရေ တစ်ရာကျော်ပါဝင်သည့်ယာဥ်တန်းသည် စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် စတင်တိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။
ယနေ့ (ဧပြီလ ၂၇ ရက်နေ့) နံနက်ပိုင်းက တပ်ကားအကြီး၊ အသေး၊ အချုပ်ကား စသဖြင့် မိုးကာအလုံပိတ်ထားသော စုစုပေါင်းတပ်ကားအစီးရေ ၁၃၇စီးခန့်သည် မုံရွာ-မန္တလေးလမ်းအတိုင်း မုံရွာနယ်ဘက်သို့ ဦးတည်ထွက်ခွာလာရာ စစ်ကိုင်းမြို့နယ်၊ ပျော့ရွာအနီးတွင်တစ်ကြိမ် ပထမဆုံး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
အဆိုပါယာဥ်တန်းသည် နံနက် ၁၁နာရီ ၄၅မိနစ် ခန့်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၁၃၆ စီးအနက် ငါးစီးအား အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PAFD)/တပ်ခွဲ DK PDF(PAFD)/မြောင်(CDSOM)နှင့် Sagaing Underground Force(SUGF) စသည့် ညီနောင်မဟာမိတ်လေးဖွဲ့က ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လေးစီးထိမှန်ကာ စစ်ကားတစ်စီးပျက်စီးသွားကြောင်းထုတ်ပြန်သည်။ ထိုတိုက်တိုက်မှုကြောင့် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုအခြေအနေ စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အာဏာရှင်
စနစ်တိုက်ဖျက်ရေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PAFD)က ရုပ်သံဖိုင်နှင့်တကွသတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းသည် မည်သည့်နေရာသို့ ဦးတည်ထွက်ခွာနေသည်ကို မသိရှိရသေးဘဲ ၎င်းယာဥ်တန်းဖြတ်သန်းရာလမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခံရမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ဒေသခံအချို့ကပြောသည်။အဆိုပါယာဥ်တန်းတွင် တာလပါတ်အလုံအုပ်ထားသောကားအများစုပါဝင်၍ စစ်ကောင်စီတပ်သားများမည်မျှ ပါ၊မပါမသိ့ရသော်လည်း နောက်ပေါက်ဖွင့်ထားသောကားများတွင် စစ်သားအနည်းစီသာပါဝင်ကြောင်းဒေသခံများကပြောသည်။
Zayar Times - ဇေယျာတိုင်း
No comments:
Post a Comment