မကွေး၊ ဧပြီ ၂၅ ၊ ၂၀၂၂။
မကွေးမြို့ပေါ် ရပ်ကွက်အချို့ရှိ ရေခွန်မဆောင်တဲ့အိမ်တွေက ရေမီတာတွေကို ဧပြီ ၂၅ ရက် ဒီမနက်ပိုင်းကစပြီး စည်ပင်ဝန်ထမ်းတွေက လိုက်ဖြုတ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သိင်္ဂါ၊ စိန်ပန်း၊ မြို့ဟောင်းစတဲ့ရပ်ကွက်တွေကို ဝန်ထမ်းအင်အား ၂၀ ကျော်နဲ့ ဒီမနက် ၈ နာရီလောက်ကတည်းက လိုက်ဖြုတ်နေတာလို့ မကွေးမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
“ ဒီနေ့ သိင်္ဂါရပ်ကွက်မှာ စည်ပင်က ဝန်ထမ်းအင်အား ၂၅ ဦးနဲ့ ရေခွန်မဆောင်တဲ့အိမ်တွေကို ရေမီတာတွေလိုက်ဖြုတ်နေပါတယ်၊ ဒီမနက် ၈ နာရီလောက်ကစပြီး ရေမီတာတွေကိုလိုက်ဖြုတ်နေတာ၊ ရေပိုက်လိုင်းတွေအကုန်လိုက်ဖြတ်နေတာ၊” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာကတည်းက မကွေးမြို့အတွင်း ရေမီတာသုံးသူတွေကို မြို့နယ်စည်ပင်သာယာရုံးမှာ ဖိတ်ပြီး သင်္ကြန်မတိုင်ခင် ရေမီတာအပြီးဆောင်ဖို့နဲ့ မဆောင်ရင်မီတာတွေကိုဖြုတ်မယ်ဆိုပြီး ပြောဆိုခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment