ဓာတ်ပုံ၊ ပေးပို့ |
ဧပြီ - ၁၉
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်က လျှပ်စစ်မန်ဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင်ဟာ နေအိမ်ကို ပါဂျဲရိုးကားနဲ့ ပြန်လာချိန်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးကျော်ရဲအောင်ဟာ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးကနေ သူနေထိုင်တဲ့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်မှာရှိတဲ့ လျှပ်စစ်ဝန်ထမ်းအိမ်ယာကို ပါဂျဲရိုးကားနဲ့ ပြန်လာစဉ် ညနေ (၅)နာရီခွဲခန့်မှာ (၁၉) လမ်း၊ သံလမ်းအနီးဟိုတယ်ရှေ့အရောက် မျက်နှာချင်းဆိုင် မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်က သေနတ်နဲ့ ပစ်ခံလိုက်ရတာပါ။
ဆိုင်ကယ်ပေါ်က အမည်မသိ အမျိုးသား (၂)ဦးက သေနတ်နဲ့ (၄)ချက် ပစ်ခတ်ခဲ့ရာမှာ မော်တော်ယာဉ်ကို (၂)ချက်ထိမှန်ပြီး ဗိုလ်ကြီးဟောင်း ကျော်ရဲအောင်ရဲ့ နဖူးနဲ့ လက်မောင်းမှာ တစ်ချက်စီ ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ MFP ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
Mandalay Free Press - MFP
No comments:
Post a Comment