ချောင်းဦးတွင် မဟာမိတ်လေးဖွဲ့က စစ်ကောင်စီတပ်အား မိုင်းကွင်းသို့ မျှားခေါ်ပြီး မိုင်းခွဲတိုက်ခိုက်ရာ ​ခြောက်ဦး​သေဟုဆို


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မဟာမိတ်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အယောင်ပြပစ်ခတ်ပြီး မိုင်းကွင်းသို့ မျှားခေါ်၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား​ခြောက်ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာတွင် တပ်စွဲ​နေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှာ အနီး အနားကျေးရွာများသို့ ကင်းလှည့်သွားလာနေသည်ကို ကြားသိရသောကြောင့် ၎င်းတို့ လာရောက်မည့် လမ်းကြောင်းများမှ မိုင်းဆွဲတိုက်ခိုက်ရန် စောင့်ဆိုင်းနေရာ အချိန်ကြာမြင့်လာသည့်အတွက် ၎င်းတို့ရှိရာ နေရာသို့ သွားရောက်ပြီး ၄၀ (မမ)သုံးလုံးနှင့် Shotgun များ ပစ်ခတ်ပြီး မိုင်းကွင်းထဲမျှားခေါ်ခဲ့ကြောင်း Chaung U Local Defence Force (CHULDF)က ပြောသည်။

မိုင်းကွင်းထဲသို့ စစ်သား​ခြောက်ဦး ရောက်ရှိချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားခြောက်ဦးလုံး ထိုနေရာမှာပင် သေဆုံးခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်ဘက်မှ အာပီဂျီ (RPG)များဖြင့် ပစ်ခတ်သောကြောင့် မိုင်းထိမှန်သေဆုံးသွားသော စစ်သားများ​၏ လက်နက်ပစ္စည်းများကို မသိမ်းဆည်းနိုင်ခဲ့ဘဲ အောင်မြင်စွာ ဆုတ်ခွာလာခဲ့ကြောင်း CHULDFက ထုတ်ပြန်သည်။

အဆိုပါစစ်ဆင်ရေးကို Chaung U Local Defence Force (CHULDF) နှင့် MGN 35 ပျောက်ကြားတပ်ဖွဲ့၊ The Value of Young Men၊ Myaung Fighter Defense Force စသည့် တော်လှန်ရေးမဟာမိတ် ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးထုတ်ပြန်သည်။

မဟာမိတ်အဖွဲ့များထံ ဆက်သွယ်​မေးမြန်းထားသော် လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ကံကြီးကုန်းကျေးရွာသည် ပျူစောထီးအားကောင်းသောရွာတစ်ရွာဖြစ်ပြီး စစ်တပ်များလည်းရှိနေကာ ဒေသတွင်းမဟာမိတ်အဖွဲ့များနှင့် မကြာခဏ တိုက်ခိုက်နေကြသည်။


People's Spring 

ချောင်းဦးတွင် မဟာမိတ်လေးဖွဲ့က စစ်ကောင်စီတပ်အား မိုင်းကွင်းသို့ မျှားခေါ်ပြီး မိုင်းခွဲတိုက်ခိုက်ရာ ​ခြောက်ဦး​သေဟုဆို ချောင်းဦးတွင် မဟာမိတ်လေးဖွဲ့က စစ်ကောင်စီတပ်အား မိုင်းကွင်းသို့ မျှားခေါ်ပြီး မိုင်းခွဲတိုက်ခိုက်ရာ ​ခြောက်ဦး​သေဟုဆို Reviewed by THITHTOOLWIN on 22:18 Rating: 5

No comments:

Powered by Blogger.