ဖာပွန်မြို့ရှိ တံတားတစ်စင်းအားဖျက်ဆီး၊ တပ်မဟာ(၅) ၏ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း BGF နှင့် စစ်ကောင်စီ ၁၀ဦးထက်မနည်းသေ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်မြို့ရှိ စစ်ကောင်စီတပ် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်ရန် အသုံးပြုသည့် တံတားတစ်စင်းအား ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။
မတ်လ ၃၀ရက်က ဖာပွန်မြို့၊ ရှမ်းကိုင်းရပ်ကွက်ရှိတံတားကို ဖျက်ဆီးချေမှုန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနေ့၌ပင် ထီးကဆောမဲ(ဆင်စွယ်)ဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပြန်လာသည့် ကရင်နယ်ခြားစောင့်တပ်(BGF)တပ် ယာဉ်တန်းကို KNU တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက စောင့်ဆိုင်းပစ်ခတ်ရာ BGF ကိုးဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရမှုကို အတည်မပြုနိုင်သေးကြောင်း ဖော်ပြ သည်။
မတ်လ ၃၀၌ပင် ကမမောင်းမှထွက်လာသည့် စစ်ကောင်စီတပ်၏ စစ်မြေပြင်ယန္တရားတပ်၏ ခြောက်ဘီးကားသုံးစီးအား နှစ်ကြိမ်စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အသေးစိတ် မသိရသေးကြောင်း ထုတ်ပြန်သည်။
မတ်လ ၃၁ရက်တွင်လည်း ဝါဒိုစိုးအခြေစိုက် စစ်ကောင်စီတပ်စခန်းအား တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ဖော်ပြထားသည်။
KNU တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက် ခံ BGF တပ်မှ တပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။
People's Spring
No comments:
Post a Comment