ညောင်ရွှေမြို့မှ ဒလန်ဟု နာမည်ကြီးသူတစ်ဦးအား AFJ ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်း


မဲခေါင်၊ ဧပြီ ၁၆

AFJ ပြောက်ကျားတပ်ဖွဲ့မှ ၎င်းတို့လူမှုကွန်ရက်စာမျက်နှာအဖွင့်ပွဲနှင့် ပြည်သူအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ညောင်ရွှေမြို့မှ ဒလန်တစ်ဦးအား ယမန်နေ့၊ ညနေပိုင်းက ရှင်းလင်းခဲ့ကြောင်း AFJက ယနေ့၌ ပြည်သူများကို အသိပေးထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ တောင်ခြေမြင်းစခွန့် ကျေးရွာအုပ်စု ၊ ပန်းဖယ်ရွာနေ စကစခန့် ရပ်ကျေးဥက္ကဌ ဦးတင်ရှိန်အား AFJက ယမန်နေ့၊ ညနေ ၅နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဦးတင်ရှိန်အား သတိအကြိမ်ကြိမ်ပေးခဲ့ပြီးဖြစ်သော်လည်း စစ်တပ်၊ ရဲတို့အား သတင်းပေးခြင်း၊ စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်ထောက်ပံ့ကူညီခြင်း၊ နယ်ခံပြည်သူများထံမှ မတရားငွေကြေးကောက်ခံမှု‌ေကြာင့် တိုင်ကြားလာခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်ကာ ငွေကြေးရယူခြင်း၊ ပျူ‌ေစာထီးများအား သင်တန်းတက်ရောက်စေခြင်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း စိစစ်တွေ့ရှိခဲ့ရသည်ဟု AFJ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် AFJပြောက်ကျားအဖွဲ့မှ သတိပေးစာ ထပ်မံသွားရောက်ပို့စဥ် ပြန်လည်ခုခံရန်ပြုလုပ်သည့်အတွက် သေနတ်ဖြင့် ၆ချက်ပစ်ခတ်၍ ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။

AFJပြောက်ကျားအဖွဲ့၏ မူဝါဒအရ စစ်အာဏာရှင် သက်ဆိုးရှည်အောင် ဆောင်ရွက်လုပ်ကိုင်နေကြသော စစ်တပ်၊ ရဲနှင့် ၎င်းတို့၏ လက်ပါးစေ အရပ်ဖက်ဝန်ထမ်းများ၊ အုပ်ချူပ်ရေးအဖွဲ့ဝင်များ၊ သတင်းပေးဒလန်သူလျှိုများ၊ ဒေါက်တိုင်များ၊ လောင်းကစားဒိုင်များနှင့် လောင်းကစားပြုလုပ်သူများအား ဆက်လက် အပြစ်ပေးအရေးယူသွားမည်ဖြစ်သည်ဟုလည်း AFJထံမှ သိရသည်။

ပြည်သူများအနေဖြင့် ပြည်သူများကို နှိပ်စက်ညှင်းပန်းသည်ဖြစ်စ၊ သတင်းပေးဒလန်များ၏ ကိုယ်ရေးအချက်အလက်များကို သက်သေအထောက်အထားပြည့်စုံစွာဖြင့်ဖြစ်စေ Assassin For Justice-AFJ ဖေ့စ်ဘွတ်စာမျက်နှာသို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းကိုလည်း သိရသည်။


MeKong News - မဲခေါင်သတင်း

ညောင်ရွှေမြို့မှ ဒလန်ဟု နာမည်ကြီးသူတစ်ဦးအား AFJ ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်း ညောင်ရွှေမြို့မှ ဒလန်ဟု နာမည်ကြီးသူတစ်ဦးအား AFJ ပြောက်ကျားတပ်ဖွဲ့က ရှင်းလင်း Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.