(တန့်ဆည်နယ်ရှိ ရွှေကျင်ကျေးရွာအား မီးရှို့ ခံနေရသည်ကို တွေ့ရစဥ်) |
▪️ပျူအားကောင်းသော ကျွန်းလည်၊ကဘဲနှင့် မူးခွ ကျေးရွာများကို တိုက်ခိုက်တော့မည်ဖြစ်၍ မဆိုင်သူများ အမြန်ထွက်ခွာကြရန် သတိပေး
စစ်ကိုင်းတိုင်း တန့်တည်မြို့ ကျွန်းလည်ကျေးရွာမှ ရွှေကျင်ကျေးရွာသို့ စစ်ကြောင်းထွက်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း Taze Revolution Forceက ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂ ရက်) နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့မှာ အနီးကျေးရွာဖြစ်သော ရွှေကျင်ရွာသို့ ၀င်ရောက်ကာ မီးရှို့ခဲ့ကြောင်းလည်း TRFက ဆိုသည်။
"ရွှေကျင်ရွာကို ၃ နာခွဲလောက်မှ စဝင်ပြီး မီးရှို့ခဲ့တာ။ အိမ်ခြေ နည်းနည်းပဲရှိတဲ့ရွာပါ ။အလွန်ဆုံးရှိ ၅၀ လောက်ပဲရှိတာ။ အကုန် မီးထဲပါသလောက်ရှိတယ်"ဟု တန့်ဆည်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်တွင် ကျွန်းလည်ကျေးရွာမှ ပျူစောထီးများလည်း ပါဝင်သည်ကိုသိရှိရသည်ဟု ၎င်းက ဆိုသညိ။
တန့်ဆည်မြို့ရှိ ကျေးရွာများအနက် ကျွန်းလည်၊ကဘဲနှင့် မူးခွကျေးရွာများသည် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ အားကောင်းနေကြောင်း သိရသည်။
ထို့ကြောင့် ထိုကျေးရွာများတွင်ရှိနေသော သူများကို စစ်ခွေးအပေါင်းအပါ ပျူစောထီးများ အဖြစ်သတ်မှတ်ပြီးတိုက်ခိုက်မှု့များ ပြုလုပ်သွားမည်ဖြစ်သောကြောင့် မသက်ဆိုင်သူများ ကျေးရွာမှ အမြန်ဆုံးထွက်ခွာကြရန် တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးသည်။
People's Spring
No comments:
Post a Comment