မလှိုင် ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦးအရေးပေါ်ကားဖြင့် သယ်ဆောင်သွားရဟု တောင်သာPDF ပြော


မိထ္တီလာခရိုင် မလှိုင်မြို့ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦး အရေးပေါ် ကားဖြင့် သယ်ဆောင်သွားရကြောင်း  တောင်သာPDF ယနေ့(မတ်လ ၃၁) ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၃၀)ည ၇နာရီခွဲခန့်က မလှိုင်မြို့ရဲစခန်း၏ ရဲများနေသော နှစ်ထပ်ဆောင်အား ဝင်ရောက် ပစ်ခတ်ရာ ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု  တောင်သာPDF တာဝန်ရှိသူက ဆိုသည်။

"မျက်မြင်အရဆို အရေးပေါ်ကားလာတယ်။တော်တော်ထိထားတဲ့ ရဲလေး ယောက်ကို ခေါ်သွားတာ။ရှေ့လျှောက် အပြစ်မဲ့ပြည်သူတွေ ခံစားခဲ့ရသလိုမျိုး ရဲစခန်း၊လိုင်းခန်းတွေပါမချန် စက်ပစ်ကွင်းအနေနဲ့ အသုံးပြုသလို တိုက်ခိုက်သွားမယ်"ဟု ၎င်းက People's Spring သို့ ပြောသည်။

မတ်လ ၂၄ ရက်ကလည်း  တောင်သာမြို့ရဲစခန်းကို ၄၀(မမ)ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားငါးဦး ဒဏ်ရာရရှိကြောင်း  တောင်သာPDF က ထုတ်ပြန်ထားသည်။


People's Spring 

မလှိုင် ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦးအရေးပေါ်ကားဖြင့် သယ်ဆောင်သွားရဟု တောင်သာPDF ပြော မလှိုင် ရဲစခန်းကို ၄၀(မမ)ဖြင့်ပစ်ခတ်ရာ ရဲလေးဦးအရေးပေါ်ကားဖြင့် သယ်ဆောင်သွားရဟု တောင်သာPDF ပြော Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.