ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ

(ယနေ့နံနက်တိုက်ပွဲဖြစ်ပြီးနောက် ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ယာဥ်များပိတ်မိနေစဉ်။ဓာတ်ပုံ - CJ)

ပူးပေါင်းအဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး ခြောက်ဦးဒဏ်ရာရဟုဆို

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA ဦးဆောင်သည့် PDF ပူးပေါင်းတပ်များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေးအင်အားစု (KRF)က အတည်ပြုသည်။

ယနေ့(မတ် ၃၁)နံနက် ၅နာရီခွဲခန့်တွင် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင် လမ်းဆုံအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးကြောင်း KRF က ပြောသည်။

"ဒီနေ့မနက် ငါးနာရီခွဲမှာ မုပ္ပလင်လမ်းဆုံမှာ ပူး ပေါင်းအဖွဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က တစ်ယောက်ကျသွားတယ်"ဟု KRF တပ်ဖွဲ့ဝင်တော်လှန်ရေးတပ် သားတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှု အချက် ၂၀ထက်မနည်းရှိခဲ့ပြီး တိုက်ပွဲအတွင်း ထိမှန်ဒဏ်ရာရသူ ခြောက်ဦးရှိပြီး ငါးဦးမှာ မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါတိုက်ပွဲအခြေအနေကြောင့် ကျိုက်ထို-မော်လမြိုင်လမ်းပိုင်းမှာ နံနက် ၈ နာရီကျော်အထိ လမ်းပိတ်ဆို့မှုများရှိခဲ့ပြီး ၉ နာရီကျော်မှ လမ်းကြောင်းများ ပြန်ပွင့်ကြောင်း ဒေသခံများထံမှ သိရသည်။


People's Spring  

ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ ကျိုက်ထိုတွင် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီ တပ် ၁၀ဦးခန့်သေ Reviewed by THITHTOOLWIN on 18:04 Rating: 5

No comments:

Powered by Blogger.