မြို့လှ PDFတိုက်ခိုက်လို့ စစ်ကောင်စီစစ်ကြောင်း အကျအဆုံးရှိနိုင်


မြို့လှ၊ မတ်၃၁၊၂၀၂၂။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့၊ သမန်းဒေါင့်ရွာဖက်ကို မတ်လ ၃၁ ရက် ဒီနေ့မနက်ပိုင်းက ခြေလျှင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မြို့လှ PDF က မိုင်း ၃လုံးနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

မနက် ၆ နာရီခွဲလောက်မှာ ခမရ ၄၁၅ တပ်ရဲ့ အင်အား ၇၈ ဦးပါ အဖွဲ့က မြို့လှပြည်သူ့ကာကွယ်ရေးတပ်ရင်း နယ်မြေအတွင်း ချောင်းဝရွာကနေ ခြေလျင်စစ် ကြောင်းထိုးလာတာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေရှိနိုင်တယ်လို့လည်း သိရပါတယ်။

"ကျနော်တို့က သတင်းအရစောင့်ကြို တိုက်ခိုက်ခဲ့တာပါ၊ သူတို့လည်း မိုင်းဆွဲခံရတော့ ရမ်းသမ်းပစ်ခတ်တာတွေရှိပါတယ်၊ "လို့ မြို့လှPDF တာဝန်ရှိသူက ပြောပါတယ်။

၁၀ မိနစ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ ဒေသကာကွယ်ရေးတပ်ဘက်က အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ 

သူတို့အဖွဲ့ဟာ မြေပြင်တိုက်ပွဲတွေအပြင် ဧရာဝတီမြစ်တွင်းက စစ်ကောင်စီရေယာဥ်တွေကိုလည်း တိုက်ခိုက်နေတဲ့ ဒေသခံတပ်ဖွဲ့တခုဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက် ည ၉ နာရီမှာလည်း ခတက်ချောင်ရွာနဲ့ မင်းလယ်ရွာကြားမှာ သင်္ဘောလုံခြုံရေးယူထားတဲ့ စစ်ကောင်စီခြေလျှင်စစ်ကြောင်းကို လက်လုပ်ပြင်းအားမြင့် ( H – 22 ) မမ ၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြို့လှ PDFတိုက်ခိုက်လို့ စစ်ကောင်စီစစ်ကြောင်း အကျအဆုံးရှိနိုင် မြို့လှ PDFတိုက်ခိုက်လို့ စစ်ကောင်စီစစ်ကြောင်း အကျအဆုံးရှိနိုင် Reviewed by THITHTOOLWIN on 17:49 Rating: 5

No comments:

Powered by Blogger.