ဓာတ်ပုံ- မုံရွာအခြေစိုက် MPDF တပ်ဖွဲ့ဝင် တစ်ဦး |
မုံရွာ၊ ဖေဖော်ဝါရီ၂၈
မုံရွာမြို့နယ်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့နှင့် နီးကပ်စွာသွားခြင်း မပြုကြရန် Monywar People Defence Force-MPDF က ယနေ့ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများပါသည့် ကားများနှင့်၎င်းတို့နှင့် ဆက်နွယ်သည့် ဆီဘောက်ဆာကားများ၊ ရိက္ခာကားများသည် ချောင်းဦး-မုံရွေး၊ ကြေးမုံ-ဗန်စီ- ကျီးအုပ်-ဗောဓိတစ်ထောင် လမ်းပိုင်းမှတစ်ဆင့် မုံရွာမြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်နေခြင်းဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် ယင်းလမ်းကြောင်းအပါအဝင် အခြား စစ်ကောင်စီတပ်သားများပါသည့် ကားများဖြတ်သန်းသွားလာ အသုံးပြုနေသည့် လမ်းပိုင်းများကို သွားရောက်မည်ဆိုပါက ခပ်ခွာခွာ သွားလာကြရန် MPDFက သတိပေးထားသည်။
ယင်းအပြင် မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ချောင်းဦး - ပခုက္ကူလမ်းပိုင်း၊ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်း ပိုင်း၊ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်း၊ ချောင်းဦး - အမြင့်လမ်းပိုင်းတို့ကိုလည်း MPDFက ယာယီပိတ်ထားသည်။
ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းများကို လုံးဝအသုံးမပြုကြပါရန် မေတ္တာရပ်ခံထားပြီး အထက်ပါလမ်းပိုင်းများတွင် သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းများကိုလက်ရှိအသုံးပြုလျှက်ရှိသော ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် MPDFက မေတ္တာရပ်ခံထားသည်။
Lu Nge Khit
No comments:
Post a Comment