ရွှေကူ - မတ် ၂၊ ၂၀၂၂။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် မံဝိန်းကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ပိုင် မိုင်တဲ (Mytel) ဖုန်းတာဝါတိုင်တစ်တိုင်ယမန်နေ့ ညနေက မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။
အဆိုပါ ဖုန်းတာဝါတိုင်ကို ကေအိုင်အေနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ယုံကြည်ထိုက်သည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ရွှေကူမြို့နယ် မံဝိန်းရွာက Mytel တာဝါတိုင်။ PDF နဲ့ KIA ပူးပေါင်း ဖျက်ဆီးပေါ့။ မီးရှို့တာပါ” ဟုပြောသည်။
ဖျက်ဆီးခံရသော ဖုန်းတာဝါတိုင်မှာ မံဝိန်းကျေးရွာမှ တစ်ခုတည်းသော Mytel ဖုန်းတာဝါတိုင်ဖြစ်သည်ဟု သူကပြောသည်။
မံဝိန်းကျေးရွာသည် ရွှေကူမြို့မှ ၇ မိုင်ခန့်ကွာဝေးပြီး အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။
The 74 Media
မံဝိန်းကျေးရွာရှိ တစ်ခုတည်းသော Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရ
Reviewed by THITHTOOLWIN
on
23:29
Rating:
No comments:
Post a Comment