Mytel တာဝါတိုင်စက် ၃ လုံးကို KDDF မိုင်းခွဲတိုက်ခိုက်


စဉ့်ကိုင်၊ မတ်လ ၂၊ ၂၀၂၂။

မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းရွာ အနောက်ဘက်မှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို ဒီကနေ့ မနက် ၆ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်ကာကွယ် ရေးတပ်ဖွဲ့ (K.D.D.F) က ထုတ်ပြန်ပါတယ်။

တာဝါတိုင်အတွင်းမှာရှိတဲ့ စက် ၃ လုံးကို မိုင်းအကြီး ၃ လုံး အသုံးပြုပြီး ဖောက်ခွဲ ဖယ်ရှားရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

''ဒီတာဝါတိုင်အတွင်းမှာရှိတဲ့ ဂျင်နရေတာနဲ့ တခြားစက် ၂ လုံးကို မိုင်းခွဲခဲ့တာပါ။ တာဝါတိုင်ကိုတော့ ဘေးနားကရွာတွေထိခိုက်မှာစိုးတာကြောင့် အပြီးမလှဲခဲ့ဘဲ စက်ပုံးတွေပဲခွဲခဲ့တာ။ ကျနော်တို့အား လုံးဘေးကင်းပါတယ်'' လို့ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုရာဇာမင်းက ပြောပါတယ်။

ကျောက်ဆည်ခရိုင်အတွင်းမှာတော့ အခုမိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ Mytel တာဝါတိုင်နဲ့ဆိုရင် Mytel တာဝါတိုင် ၆ ခုထိတိုက်ခိုက်ခဲ့ပြီးဖြစ်တယ်လို့ KDDFက ဆိုပါတယ်။

ဖေဖော်ဝါရီလထဲမှာလည်း ကျောက်ဆည် EPC ရုံးဗုံးပစ်တိုက်ခိုက်ခံရလို့ ဝန်ထမ်းတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

Mytel တာဝါတိုင်စက် ၃ လုံးကို KDDF မိုင်းခွဲတိုက်ခိုက် Mytel တာဝါတိုင်စက် ၃ လုံးကို KDDF မိုင်းခွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 23:48 Rating: 5

No comments:

Powered by Blogger.