ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စီးကို KIA တိုက်ခိုက်


မတ်လ ၁၈၊ ၂၀၂၂ခုနှစ်။

မန္တလေးမှ စစ်လက်နက်ပစ္စည်းများ တင်ဆောင်ပြီး  ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် အကြမ်းဖက် စစ်ကောင်စီသင်္ဘောတစ်စီးကိုမတ်လ ၁၇ရက်နေ့ နေ့လည်ပိုင်းတွင် KIA ကတိုက်ခိုက်ခဲ့သည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီသင်္ဘောသည်KIA အမှတ်(၈) တပ်မဟာ၊ အမှတ်(၅) တပ်ရင်း နယ်မြေအတွင်း ဧရာဝတီမြစ်အတိုင်း ဆန်တက်လာခြင်းဖြစ်ပြီး ကချင်ပြယ်နယ်အတွင်း ကျောက်တစ်လုံးနှင့်ဘုံတာ ကြားတွင် KIA အမှတ်(၅) တပ်ရင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIA အမှတ်(၉) တပ်မဟာ၊ အမှတ်(၄၄) တပ်ရင်းနယ်မြေအတွင်း စခန်းချနေသည့် စစ်ကောင်စီတပ် ခ.မ.ရ( ၃၈၄) မှ KIA စခန်းချရာ Maru Bum ဘက်သို့ (82)MM ဟု ခန့်မှန်းသည့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ စပြီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာခြင်းကြောင့် KIAနှင့်အခြားသောဒေသများတွင် တိုက်ပွဲများပြင်းထန်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူများ ထိခိုက်မှုများ ပိုမို များပြားလာပြီး KIA အမှတ်(၁) တပ်မဟာနယ်မြေ Sumpyi Yang ရွာရှိ ဒေသခံပြည်သူများ တောတောင်များအတွင်း ထွက်ပြေးပုန်းခိုနေကြရကြောင်း သိရသည်။


သံလွင်ခက် - Than Lwin Khet News

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စီးကို KIA တိုက်ခိုက် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောတစ်စီးကို KIA တိုက်ခိုက် Reviewed by THITHTOOLWIN on 18:56 Rating: 5

No comments:

Powered by Blogger.