ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို ဆက်လက်တိုက်ခိုက်မည်ဟု Justice Bringer Force-JBF အဖွဲ့ဆို


ရန်ကုန်၊ မတ်လ ၁

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်ရှိ TRANSPORTER BAR ကို တရားမျှတမှုယူဆောင်သူ တပ်ဖွဲ့(JBF)က ယမန်နေ့ညပိုင်းကတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ကသတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ TRANSPORTER BAR ကို တိုက်ခိုက်မှုပြုလုပ်ရာတွင် အများပြည်သူအသက်အန္တရာယ်မထိခိုက်စေရန် ဆောင်ရွက်ခဲ့ပြီး တိုက်ခိုက်မှုတွင် မော်တော်ယာဉ်တစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများသည် အကြမ်းဖက်စစ်ကောင်စီအား ငွေကြေးအရထောက်ပံ့မှုပေးနေရပြီး အဆို ပါဆိုင်များ ပိတ်သိမ်းရန်ကိုလည်း ကြိုတင်သတိပေးထားခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။

အများပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီထံ ငွေကြေးအရထောက်ပံ့စီးဆင်းမှုရှိနေသည့် နိုက်က လပ်၊ ဘားနှင့် ကေတီဗီများကိုသွားလာခြင်းမပြုရန် တရားမျှတမှုယူဆောင်သူတပ်ဖွဲ့(JBF)က မေတ္တာရပ်ခံခဲ့သည်။

TRANSPORTER BAR သည် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှု မရှိသည့်အပြင် ထောက်ပံ့မှုများ လည်း လုံးဝပေးဆောင်ထားခြင်းမရှိသလို ဝန်ထမ်းများနှင့် ၎င်းတို့ကိုမှီခိုနေရသည့် မိသားစုများ၏ စားဝတ်နေရေးအဆင်ပြေစေရန် အများနည်းတူဖဠင့်လှစ်နေရခြင်းဖြစ်ကြောင်း အဆိုပါဆိုင်က လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြထားသည်။

“တစ်နိုင်ငံလုံးမှာ အာဏာရှင်တွေရဲ့စနက်ကြောင့် အိုးကွဲ၊ အိမ်ကွဲဖြစ် စိတ်သောကကြီးငယ်ရောက်နေရတဲ့ လူတွေ အပေါ် အားနာတတ်မယ်ဆိုရင် မသွားသင့်ဘူး။ ဒုက္ခ အပူတွေဟာ အဲဒီပျော်ပါးနေတဲ့ လူတွေဆီ မရောက်သေးသရွေ့၊ အဲဒီလိုမရောက်သေးရင်တောင် ကိုယ်ချင်းစာတရားလေးထည့်ပြီး မိမိရဲ့နေထိုင်မှုပုံစံတွေကို ပြင်ဆင်သင့်နေပြီ။ ဘဝတွေလည်း အများကြီးပေးဆပ်ခဲ့ရပြီးပြီ။ အဲဒါလည်း ပျော်ပျော်ပါးပါးနေ ငါ့ဘဝမဟုတ်ဘူးဆိုပြီး နေနေကြ တဲ့လူတွေ စိတ်ဓာတ်မျိုးတွေ မြန်မာနိုင်ငံမှာမရှိသင့်တော့ဘူး။ အဲဒီတော့ အဲဒီလိုလူမျိုတွေရှိနေတတ်တဲ့ နေရာတွေကို PDF တိုက်ခိုက်တာလည်း မလွန်ပါဘူး”ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားကို ငွေကြေးအရထောက်ပံ့ပေးနေသည့် စီးပွားရေးလုပ် ငန်းများနှင့် အများပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဒုက္ခပေးလျက်ရှိသော အဖွဲ့အစည်းမှန်သမျှ ကို ပစ်မှတ်ထား၍ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းရေးသားထားသည်။


Lu Nge Khit

ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို ဆက်လက်တိုက်ခိုက်မည်ဟု Justice Bringer Force-JBF အဖွဲ့ဆို ရန်ကုန်မြို့ရှိ နိုက်ကလပ်၊ ဘားနှင့် ကေတီဗီများကို ဆက်လက်တိုက်ခိုက်မည်ဟု Justice Bringer Force-JBF အဖွဲ့ဆို Reviewed by THITHTOOLWIN on 22:46 Rating: 5

No comments:

Powered by Blogger.