CDM တပ်မတော်သားများ သြစတြေးလျနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိမည်

Ref - The Sydney Morning Herald ၊ The Age / ဓာတ်ပုံ - သြစတေးလျနိုင်ငံမြို့တမြို့


မတ်လ ၁၈ ရက်

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို စွန့် ခွာ၍ ပြည်သူနှင့်ပူးပေါင်းကာ CDMပြုလုပ်လာသည့် တပ်မ တော်သားများအား ဩစတြေးလျနိုင်ငံက ပြည်ဝင်ခွင့်ဗီ ဇာစတင်ပေးအပ်မည်ဖြစ်ကြောင်း သြစတေးလျနိုင်ငံအခြေစိုက် သတင်းဌာနများဖြစ်သည့် The Sydney Morning Heraldနှင့် The age တို့ကသတင်းဖော်ပြသည်။

အဆိုပါ သြစတေးလျအခြေစိုက်သတင်းဌာန ၂ ခုမှ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီတပ်ကိုစွန့်ခွာလာသည့် CDM တပ်မတော်သားအရာရှိနှင့် တွေ့ဆုံမေး မြန်းခွင့်ရရှိပြီးနောက် CDM တပ်မတော်သားများကို ပြည်ဝင်ခွင့်ဗီဇာရရှိရေး သြစတေးလျအစိုးရကခွင့်ပြုပေးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိ စစ်ကောင်စီတပ်ကိုစွန့်ခွာလာသည့် CDM အရာရှိ၊စစ်သည် တပ်မတော်သားများအနေဖြင့် သြစတေးလျနိုင်ငံတွင်အခြေချနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

'' ဗီဇာ ချပေးတာ အမှန်ပါဘဲ။ CDM တပ်မတော်သားအ ဖြစ်စာရင်းဝင်ပြီးတဲ့သူတွေကို အော်ဇီမှာခိုလှုံခွင့်ပေးမယ်လို့သိရတယ်။ သံရုံးက သူတို့ စစ်ဆေးစရာရှိတာတော့ သူတို့ process အတိုင်းလုပ်မှာပေါ့'' ဟု CDM တပ်မတော်သားအရာရှိတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သြစတေးလျနိုင်ငံသည် မြေနေရာကျယ်ပြန့်သည့် နိုင်ငံတခုဖြစ်သော်လည်း လူဦးရေ ၂၅ သန်းကျော်သာနေထိုင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံတခုဖြစ်ကြောင်း သိရသည်။


Ayeyarwaddy Times

CDM တပ်မတော်သားများ သြစတြေးလျနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိမည် CDM တပ်မတော်သားများ သြစတြေးလျနိုင်ငံသို့ ပြည်ဝင်ခွင့်ရရှိမည် Reviewed by THITHTOOLWIN on 18:49 Rating: 5

No comments:

Powered by Blogger.