ဇလွန်၊ မတ် ၃၁
အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ သတင်းကို အကြမ်းဖက်စစ်ကောင်စီအား လက် ထောက်ချကာ အကြမ်းဖက်စစ်ကောင်စီအပေါ် ထောက်ပံ့ပေးနေသည့် ဒလန်တိုးမောင်ကို မတ်လ ၃၀ ရက်နေ့က သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကြောင်း နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဇလွန်မြို့နယ်၊ ရေလဲတိုက်နယ်အတွင်းရှိ ရေကာတာပေါ်တွင် ဒလန်တိုးမောင်အား သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခဲ့ ခြင်းဖြစ်ပြီး ဦးခေါင်းတစ်ချက်၊ လည်ပင်းတစ်ချက်နှင့် ခါးတစ်ချက်ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း၊ နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်မဟာမိတ်အဖွဲ့ဖြစ်သည့် ဇလွန်ပြည် သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားခဲ့သည့် ဒလန်တိုးမောင်၏ လုပ်ရပ်များကြောင့် ဒေသခံအပြစ်မဲ့ပြည်သူအများအပြား ဖမ်းဆီးခံခဲ့ရသည့် အပြင် ၎င်း၏သတင်းပေးမှုကြောင့် ပြည်သူများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ မိသားစုများပါ ရွာမှထွက် ပြေးရသည်အထိ ဖြစ်ခဲ့ရကြောင်း နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဆိုသည်။
ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဒလန်တိုးမောင်ကို ကြိမ်ဖန်များစွာသတိပေးနေသည့်ကြားမှ အကြမ်းဖက်စစ်ကောင်စီအားသတင်းပေးရုံမက ၎င်း၏နေအိမ်တွင် စစ်ကောင်စီလက်ပါးစေများကိုလက်ခံ၍ သောက်စားမူးယစ်ကာ ကျေးရွာနေပြည်သူများအပေါ် ဒုက္ခမျိုးစုံပေးနေသဖြင့် ယခုကဲ့သို့ရှင်းလင်းရခြင်းဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ရပ်အား သာဓကယူ၍ ဇလွန်မြို့နယ်အတွင်း ကျန်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန် နှင့် ပျူစောထီးအဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏လုပ်ရပ်များကို ရပ်တန့်ရန် ထပ်လောင်းသတိပေးခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် အကြမ်းဖက်စစ်ကောင်စီအင်အား ၅၀ ခန့် နယ်မြေအတွင်းသို့ရောက်ရှိနေသဖြင့် ပြည်သူ များသတိပြုသွားလာကြရန်ကိုလည်း ထည့်သွင်းသတိပေးထားသည်။
Lu Nge Khit
No comments:
Post a Comment