ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး


မတ်လ ၃၁ 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ 

ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညနေပိုင်းတွင် ကျောက်မဲ စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်း နေရာတော်တော်များများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကောင်စီတို့မှ စစ်ဆေးရိုက်နှက်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရသည်။ 

“သူတို့က ပုံဝိုးရွာကနေ မြို့ထဲကို သွားတာ၊ အရင်ကလည်းသွားလာနေတာပဲ၊ အဲ့နေ့ သူတို့ တူဝရီးနှစ်ယောက် ဆိုင်ကယ်နဲ့ သွားတာ၊ ပေါက်ကွဲတာဖြစ်ပြီးတော့ သူတို့နှစ်ယောက်ကို စကစတွေက တားပြီး စစ်ဆေးရိုက်နှက်တာ၊ အဲ့မှာပဲ နှစ်ယောက်လုံး သတိလစ်သွားတယ်၊ ဆေးရုံကို ပို့လိုက်တာ ဆုံးသွားတယ်၊ နောက်တစ်ယောက်ကိုလည်း ဖမ်းထားတယ်၊ ပြန်မလွှတ်သေးဘူး” ဟု ကျောက်မဲ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

သေဆုံးသူမှာ စိုင်းပီး (၄၁)နှစ်ဖြစ်ပြီး ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာတွင်နေထိုင်သူဖြစ်ကာ ယမန်နေ့ (မတ် ၃၀) နေ့လည် ၃ နာရီတွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။ 

ကျောက်မဲမြို့တွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတို့မှ မကြာခဏ ဖမ်းဆီးမှုလည်း ရှိနေပြီး ထို ဖမ်းဆီးခံရသူများအား ငွေကြေးဖြင့် ပြန်လည် ထုတ်ယူရကြောင်း သိရသည်။ 

“ပိုက်ဆံနဲ့ ပြန်သွားထုတ်ရတယ်၊ ၁၀ သိန်းလောက် ပေးရတယ်လို့ ကြားမိတယ်၊ သူတို့ သံသယ ဝင်တဲ့လူဆို ဖမ်းတော့တာပဲ၊ လုပ်စားနေတာ ဆိုတော့ သတိနဲ့ သွားလာကြပါလို့ ပြောလိုတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။ 

ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရပ်ကွက် (၉)တွင် နေထိုင်သည့် စစ်ဘေးရှောင် ပြည်သူ တစ်ဦးအား စစ်ကောင်စီတို့မှ ရိုက်နှက်သတ်ဖြတ်ခဲ့ပြီး နေအိမ်တွင်းရှိ ပစ္စည်းများလည်း ယူဆောင်သွားကြောင်း သိရသည်။ 


SHAN News (Burmese Version) 

ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး Reviewed by THITHTOOLWIN on 17:45 Rating: 5

No comments:

Powered by Blogger.