ဓါတ်ပုံ - ယင်းမာပင်မြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ |
ယင်းမာပင်၊ ဖေဖေါ်ဝါရီ၂၈၊၂၀၂၂။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီက ဖေဖေါ်ဝါရီ ၂၈ရက် ဒီနေ့မနက်မှာ ရဟတ်ယာဥ်တွေနဲ့လိုက်လံပစ်ခတ်ကာ ကျေးရွာတွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ပြုတ်ရွာ ဝါးစိမ်းတောင်ဒေသနဲ့ သပြေအေးကျေးရွာကို Mi35 ၂စီး၊ ရိုးရိုးရဟတ်ယာဥ်၂စီးနဲ့ ပစ်ခတ်ပြီးမှ သပြေအေးရွာနဲ့ ချင်းပုန်းရွာကို မီးရှို့တာလို့ သိရပါတယ်။
"မနက်ကချင်းပုန်းရွာက နေအိမ်တွေ ကားတွေ ဆိုင်ကယ်တွေနဲ့ စက်ကရိယာတွေကို စစ်ခွေးတွေကမီးရှို့တယ် ရွာနားလည်းကပ်မရတော့ ဘာတွေဘယ်လောက်ကုန်ပြီလည်း ဆိုတာတော့မသိဘူး"လို့ အဲဒီကျေးရွာသားတဦးကပြောပါတယ်။
ချင်းပုန်းကစစ်ကောင်စီတွေကို ရဟတ်ယာဥ်နဲ့ သပြေအေးရွာကိုရွှေ့ပြောင်းသွားတယ်လို့ သိရပါတယ်။
"ချင်းပုန်းမှာတပ်စွဲထားတဲ့ခွေးတွေကိုမနက်ကလေယာဥ်နဲ့ခေါ်သွားပြီဗျ၊ သပြေအေးရွာကိုသွားပို့တယ်လို့ကြားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
သပြေအေးရွာဟာ အခုည၇နာရီကျော်အထိ ရွာရဲ့အရှေ့မြောက်ခြမ်းကမီးရှို့ခံနေရသလို ရွာအနောက်ပိုင်းကအိမ်တွေလည်း မီးလောင်ခံရပြီးတစ်ရွာလုံးပြေးနေရတယ်လို့ ယင်းမာပင်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။
ယင်းမာပင်နယ်တွင်းမှာ ၁ပတ်အတွင်းလေကြောင်းနဲ့၂ကြိမ်ပစ်ခတ်တိုက်ခိုက်မူကြောင့်ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးလည်း ကျဆုံးခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment