ပေါင်းတည်၊ မတ်လ ၁၊ ၂၀၂၂။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေ ကျောင်းစုရွာက နိုင်ငံရေးတက်ကြွလူပ်ရှားသူတဦးရဲ့နေအိမ်အတွင်းက ပစ္စည်းတွေကို ပိုင်ရှင်မရှိပဲ စစ်ကောင်စီက ဝင်ရောက်ခိုးယူသွားတယ်လို့ သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မနက်က စစ်ကောင်စီတွေဟာ ဖောကားတစီးနဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေကို ဝင်ရောက်ခိုးယူခဲ့တာလို့ သိရပါတယ်။
"ဗီဒို၊ ကုတင်၊ ဆက်တီ စားပွဲနဲ့ တန်းလျားတစုံအပြင် အိမ်တွင်းပစ္စည်းတွေရော မနက်ပိုင်းမှာ ဖောကားနဲ့ လာခိုးသွားတာ တန်ဖိုးအားဖြင့် သိန်း ၅၀ ကျော်ဖိုးလောက်ရှိမယ်" လို့ ခိုးယူခံရတဲ့ကိုညွှန့်လိူင်က ပြောပါတယ်။
ကိုညွှန့်လိူင်ရဲ့နေအိမ်ကို စစ်ကောင်စီက မကြာခဏဝင်ရောက်ရှာဖွေမှုတွေလုပ်နေတာကြောင့် မိသားစုလိုက်တိမ်းရှောင်နေတာဖြစ်တဲ့အတွက် အခုလို နေအိမ်တွင်းက ပစ္စည်းတွေကို အလွယ်တကူ ခိုးယူခံရတာလို့လည်း သိရပါတယ်။
ကိုညွှန့်လိူင်ကိုဘဖွင့်လှစ်ထားတဲ့အမူတွေကို သေချာစွာမသိရှိရပေမယ့် အမှုအရေအတွက်များနိုင်တယ်လို့ သူနဲ့နီးစပ်သူတဦးက ခန့်မှန်းပြောဆိုပါတယ်။
နွေဦးတော်လှန်ရေးစတင်ကတည်းက တက်ကြွစွာပူးပေါင်းပါဝင်ခဲ့သူဖြစ်တာကြောင့် စစ်ကောင်စီရဲ့ အငြိုးထားမှုကိုခံရတာလို့လည်း မှတ်တိုင်ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ နေအိမ်အတွင်းက ပစ္စည်းတွေကို ခိုးယူတဲ့အပြင် လမ်းသွားလမ်းလာလူငယ်တွေရဲ့ ဖုန်းတွေကိုလည်း ဥပဒေမဲ့ သိမ်းယူတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment