စစ်ကောင်စီတပ်များ ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးတင်ရှို့နေ

ဓာတ်ပုံ - ဒီဇင်ဘာလအတွင်းက မီးရှို့ခံခဲ့ရသည့် စန်းမြို့ကျေးရွာ (CJ)

ဂန့်ဂေါ၊ မတ်လ (၁)

စစ်ကောင်စီတပ်များက ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးရှို့နေကြောင်း ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။

"ဒေသခံတချို့လည်း အသတ်ခံထားရတယ်။ လက်ရှိကျွန်တော်တို့အလောင်း (၇) လောင်းတွေ့ထားတယ်။ အခုစစ်ကြောင်းထပ်ထိုးနေလို့ အသေးစိတ်ပြောမရသေးဘူး။ ဘေးရွာတွေကိုပါ မီးထပ်ရှို့မယ့်အနေအထားရှိတယ်။"ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

သေဆုံးသူများမှာ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က လေယာဉ်နှင့် စစ်သားများချခဲ့ပြီးနောက် စစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်များကို မတိုက်ခိုက်နိုင်သဖြင့် အနီးနားကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂန့်ဂေါမြို့နယ်မှ စန်းမြို့၊ ရွှေဘို၊ သင်တောကျေးရွာများကို ရွာလုံးကျွတ်မီးရှို့ခဲ့ပြီး စန်းမြို့ကျေးရွာမှာ ပထမအကြိမ်ရွာလုံးကျွတ်မီးရှို့ခံထားရသည့် ကျေးရွာဖြစ်ပြီး ကျန်ရှိနေသည့် အိမ်အနည်းငယ်ကို ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်ကိုလည်း စစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်ထားပြီး အင်အား (၂၀၀) ခန့်ဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေကြောင်း သိရသည်။


Lu Nge Khit

စစ်ကောင်စီတပ်များ ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးတင်ရှို့နေ စစ်ကောင်စီတပ်များ ဂန့်ဂေါမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို ရွာလုံးကျွတ်မီးတင်ရှို့နေ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.