စစ်ကိုင်း၊ မတ် ၁
နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံး ခဲ့ကြောင်း Burmese Guerilla Force- BGFက တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံရွာမှတဆင့် စစ်ကိုင်းတိုင်း မြောင်သို့ အင်အား ၅၀ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
"ကျွန်တော်တို့က ကြားကဖြတ်တိုက်တာပေါ့"ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသည့် ကိစ္စနှင့်ပတ်သက်၍ စစ်ရေးအရ ဖြေကြားခွင့်မရှိသေးကြောင်း BGFက ဆိုသည်။
"စစ်ကြောင်းထိုးနေတာတွေကို ဖြေပေးလို့မရသေးဘူးခင်ဗျ။ လာတာတော့ နယ်မြေရှင်းလင်းရေးလာတာပါ"ဟု BGFမှ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောသည်။
အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာခြင်းကို ကြားမှဖြတ်တိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ အထိအခိုက်မရှိ ဆုတ်ခွာလာ နိုင်ခဲ့သည်ဟု BGFက ထုတ်ပြန်ထားသည်။
လက်ရှိမြေပြင် အခြေအနေတွင် အလယ်ပိုင်းတိုင်းဒေသအနေဖြင့် လက်နက်စုဆောင်းရေးကာလဖြစ်နေပြီး မြေပြင်အဖွဲ့တော်တော် များများတွင် လက်နက်အပြည့်အစုံမရရှိခြင်းက များနေသည်ဟု BGFက ရှင်းပြသည်။
"တကယ်လို့မှ စကစက ခုချိန်စစ်ကြောင်းထိုးမယ်ဆိုရင် ကျနော်တို့ ပြန်လည်ခုခံဖို့အတွက် မပြည့်စုံသေးပါဘူး။ စခတွေမှာက အမြဲတမ်း လက်နက်ကြီး၊ လေယာဉ်နဲ့ သာလွန်အင်အားတွေပါပါတယ်။စုဆောင်းရေးကာလထဲမှာတင် တိုက်ပွဲတွေအများကြီး ဖြစ်နေပါ တယ်။အမြဲတမ်း ခံစစ်ပြင်ထားရတဲ့ အနေအထားမှာရှိပါတယ်"ဟု BGFက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် လက်နက်ကို တစ် ယောက်တစ်လက်ရှိယုံဖြင့် အဆင်ပြေသော်လည်း ကျည်ဆံ၊ခဲယမ်းများ အမြဲလိုနေမည် ဖြစ်သော ကြောင့် ထောက်ပံ့ကူညီပေးကြရန်လည်း BGFက မေတ္တာရပ်ခံထားသည်။
Lu Nge Khit
No comments:
Post a Comment