ဂန့်ဂေါ၊ မတ် ၁၊ ၂၀၂၂။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၂ ရွာက အမျိုးသား ၂၀ ဦးကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကမနက်ပိုင်းမှာ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရေသာရွာနဲ့ ရွှေဘိုရွာက အမျိုးသားတွေကို ခုလို သတ်ဖြတ်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီကျေးရွာအနီးက ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်းထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ မြောက်ခရမ်းဘက်ကနေ မိုးမလင်းခင်အချိန်က စစ်ကား ၂ စီး ဖောကားတွေနဲ့ရောက်လာကြတယ်၊ စစ်သားအင်အားအပြည့်နဲ့ပါ၊ အဲဒါပြီးတော့ မနက် ၇ နာရီ မိနစ် ၄၀ မိနစ်လောက်မှာ မြောက်ခရမ်းရွာဘက်ကနေ သင်တော၊ ရွှေဘို၊ ရေသာရွာတွေဘက်ကိုအင်အား ၁၀၀ ကျော်ကျော်နဲ့ စစ်သားအများစုပါတယ်၊ ရေသာရွာနဲ့ရွှေဘိုရွာက အမျိုးသား ၂၀ ကျော်လောက််ကတော့ စစ်တပ်ကပစ်သတ်လို့သေပါတယ်၊ “ လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သင်တော၊ ရွှေဘို၊ ရေသာ၊ စန်းမြို့ နဲ့ မြောက်ခရမ်းရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။
ဒါ့အပြင် လက်ရှိအချိန်ထိ ရွှေဘိုရွာနဲ့ ရေသာရွာမှာ စစ်တပ်ကတပ်စွဲနေထိုင်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တာတွေရှိနေတာကြောင့် သေဆုံးသူတွေရဲ့ရုပ်အလောင်းကိုတော့ ခုချိန်ထိမယူနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment