အုပ်ကြီးရွေးကောက်ပွဲကို ခနခနဝင်ပြိုင်ပေမယ့် အရွေးမခံရတဲ့ မြစ်ကြီးနားကစစ်ကောင်စီခန့်အုပ်ကြီးပစ်သတ်ခံရ


မတ်လ ၂ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စစ်ကောင်စီခန့် ရွှေညောင်ပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒီကနေ့ညနေပိုင်းမှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့အုပ်ကြီးဟာ ရွှေညောင်ပင်ရပ်ကွက်ရဲ့စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်စိုး ဆိုသူ ဖြစ်ပြီး အဲ့ဒီရပ်ကွက် နယ်မြေ ၈ မှာရှိတဲ့ သူ့ရဲ့အိမ်ရှေ့မှာထိုင်နေတုန်း ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

" ညနေ ၅ နာရီကျော်လောက်ကပစ်သတ်သွားတာ။ ပစ်သတ်ခံလိုက်ရတဲ့ အုပ်ကြီးက သူကဟိုးအရင်ထဲက အုပ်ကြီးအရမ်းဖြစ်ချင်တာ။ အုပ်ကြီးရွေး ကောက်ပွဲတိုင်းလည်း ဝင်ပြိုင်တယ်။ ဒါမယ့် သူအရွေးမခံရဘူး ။ အာ ဏာသိမ်းပြီးတော့ သူ့ကိုအုပ်ကြီးခန့်လိုက်ပြီးတော့ စစ် တပ်နဲ့ပေါင်းပြီးဒလန်ပုံစံမျိုးဖြစ်သွားတာ'' လို့ အဆိုပါရပ်ကွက်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ် ။

အဲ့ဒီအုပ်​ကြီးနေ အိမ်အရှေ့မှာ ထိုင်နေတုန်း အမည်မသိလူငယ်နှစ်ဦးက ဆိုင်ကယ်ဖြည်းဖြည်းမောင်းပြီး သေ နတ်နဲ့ပစ်သတ်သွားတာလို့ ဒေသခံတွေကဆိုပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာတော့ ဗုံးပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားနေသော်လည်း အခုလို ရပ်/ကျေးအုပ်ကြီးတွေအသတ်ခံရမှုဟာ ၂ ဦးမြောက် သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။


Ayeyarwaddy Times 

အုပ်ကြီးရွေးကောက်ပွဲကို ခနခနဝင်ပြိုင်ပေမယ့် အရွေးမခံရတဲ့ မြစ်ကြီးနားကစစ်ကောင်စီခန့်အုပ်ကြီးပစ်သတ်ခံရ အုပ်ကြီးရွေးကောက်ပွဲကို ခနခနဝင်ပြိုင်ပေမယ့် အရွေးမခံရတဲ့ မြစ်ကြီးနားကစစ်ကောင်စီခန့်အုပ်ကြီးပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.