ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကျွန်းတော ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၄ ဦးသေဆုံးပြီး တင့်ကားတစ်စီးပျက်စီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းတွင် ဖော်ပြသည်။
ယနေ့(မတ်လ ၁ ရက်) နေ့လယ်၂နာရီခန့်က ကျွန်းတော ကျေးရွာတွင် အင်အား ၄၀၀ခန့်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်သား ၂၀ ကျော်ကျဆုံးခဲ့ခြင်း ဖြစ်သည်။
"တင့်ကားတစ်စီး မီးလောင်သွားတာ မျက်စိရှေ့တင်ပါပဲ။ကျွန်တော်တို့ လက်ရှိ စစ်ရေးအရ ခုခံစစ်ကို တိုက်ရိုက် မလုပ်သေးဘဲ ပြောက်ကျား နည်းနဲ့ သွားတိုက်တာပေါ့။လက်နက်ခဲယမ်းမမျှသေးလို့ ။လက်နက်ခဲယမ်းသာ ပေါမယ်ဆို ဒီထက်ပို သေကြလိမ့်မယ်"ဟု ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယနေ့ ၃နာရီကြာတိုက်ပွဲတွင် ကရင်နီပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်မှ လက်မောင်းကျာ်ထိမှန်သူနှစ်ဦးသာ ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
ကျွန်းတောကျေးရွာတိုက်ပွဲတွင် ကရင်နီ အမျိုး သားများကာကွယ်ရေးတပ်ဖွဲ့ KNDF၊ကရင်နီတပ်မတော် KA၊GZ 21 ၊ဒီးမော့ဆို PDF ၊လွိုင်ကော် PDF နှင့် KDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီ ၁၆ရက်ကစ၍ ကရင်နီဒေသသို့ ထိုး စစ်ဆင်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းများသည် အထိနာနေသဖြင့် နေ့စဥ် လေယာဥ်များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်။
ထို့ကြောင့် လေယာဥ်ပစ်လက်နက်ရရှိရေး ပြည်တွင်း၊ပြည်ပ ရှိ မြန်မာနိုင်ငံသားများအနေဖြင့် ငွေအားဖြင့် ပူးပေါင်းပါဝင်ပေးရန် KNDF က တိုက်တွန်းအလှူခံလျက်ရှိသည်။
People's Spring
No comments:
Post a Comment