ကသာနယ် ချောင်းဝဘက်မှထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

Photo ~ Crd

March 31, 2022

စစ်ကိုင်းတိုင်းဒေသကြီး ကသာနယ် ချောင်းဝရွာမှ သမန်းဒေါင့်ဘက်သို့ ခြေလျှင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် ယနေ့နံနက် ၆နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များများ၏ မိုင်းဆွဲတိုင်ခိုက်ခံရကြောင်းသိရသည်။

စစ်အင်အား ၈၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် ခမရ ၄၁၅ တပ်ရင်းက ချောင်းဝရွာမှ သမန်းဒေါင့်ရွာဖက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာစဥ် ဒေသကာကွယ်ရေးတပ်မှ စောင့်ကြိုကာ ၃ကြိမ်ထက်မနည်းမိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောဆိုသည်။

"မိုင်းကွင်းထဲရောက်လာချိန် အသေအချာ မိုင်းဆွဲလိုက်တယ်။ စစ်ကောင်စီဘက်က ဘယ်လောက်‌သေလဲဆိုတာတော့ မသိသေးဘူး။ ခုထိ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ရင်းတက်လာနေတုန်း"ဟုပြောသည်။

စစ်ကောင်စီတပ်သည် ကသာနယ်အထက်ပိုင်းတစ်လျှောက် ဖေဖော်ဝါရီလမှစကာ စစ်အင်အားများဖြည့်တင်းကာ စစ်ရိက္ခာများသယ်ယူပို့ဆောင်မှုများပြုလုပ်လျက်ရှိနေကြောင်းလည်းသိရသည်။

"အရင်လကစပြီး ကသာနယ်အထက်ပိုင်း ချောင်းဝ၊ ရွှေကူနယ်တကြောမှာ စားနပ်ရိက္ခာနဲ့ လက်နက်တွေပါ စုဆောင်းဖြည့်တင်းလာတယ်။ ခုဒီရက်ပိုင်းငြိမ်နေတာမဟုတ်ဘူး။ သူတို့ကမသိမသာလေးလှုပ်ရှားနေတာ"ဟုနောက်ထပ်ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးကထပ်မံပြောဆိုထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်ဖြစ်သည့် ကသာ၊ရွှေကူနယ်တစ်လျှောက် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ မတ်လ ၃၁ ရက်နေ့ထိ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ သုံးလအတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုနှုန်း​အကြိမ် ၃၀ ထက်မနည်းရှိလာပြီဖြစ်သည်။

ယင်းတိုက်ပွဲများအနက် မတ်လ ၁၄ရက်နေ့ စစ်ကောင်စီတပ်၏ သဘော်နှစ်စီးပစ်ခတ်ခံရမူတွင် စစ်ကောင်စီဘက်မှ အထိနာခဲ့ဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။


Kachin News Group

ကသာနယ် ချောင်းဝဘက်မှထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ ကသာနယ် ချောင်းဝဘက်မှထွက်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 17:42 Rating: 5

No comments:

Powered by Blogger.