မြစ်သားမြို့နယ်သမရုံး ဗုံးခွဲခံရ


မြစ်သား၊ မတ် ၁၊ ၂၀၂၂။ 

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ သမဝါယမဦးစီးဌာနရုံးမှာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့ကမနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီရုံးဟာ ချေးငွေတောင်းခံရမှာ စစ်ကောင်စီ၊ စစ်ကောင်စီသတင်းပေးအပါအဝင် Non- CDM ဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး အကြမ်းဖက် ခြိမ်းခြောက်တောင်းခံတာတွေလုပ်တာကြောင့် ခုလိုဖောက်ခွဲလိုက်တာဖြစ်ပြီး၊  ပေါက်ကွဲမှုကြောင့် ဝန်ထမ်းတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kyaukse District Alliances - KDA ရဲ့တာဝန်ခံကပြောပါတယ်။ 

“ မနေ့ကပြည်သူရှင်းတဲ့အချိန် နေ့လည် ၁၁ နာရီမှာ ဖောက်ခွဲခဲ့တာပါ၊ ဝန်ထမ်းတဦး ထိခိုက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်လို့ သိရတယ်၊ နောက်ဆက်တွဲအခြေအနေတွေတော့ မသိရသေးဘူး၊ “ လို့ ပြောပါတယ်။ 

ဒီဖောက်ခွဲမှုကို KDA ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ကျောက်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြစ်သားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ နဲ့ တံတားဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မြစ်သားမြို့နယ်သမရုံး ဗုံးခွဲခံရ မြစ်သားမြို့နယ်သမရုံး ဗုံးခွဲခံရ Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.