ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဖမ်းဆီးပြီး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ


March 1, 2022 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ တားလ်ရွာနဲ့ တလန်ဇာရွာကြားတွင် ဒီနေ့ မတ် ၁ ရက်က အာဏာသိမ်းစစ်ကောင်စီတပ်က မျက်စိဖောက်ကာ လည်လှီးသတ်ဖြတ်ခံရတဲ့ အမည်မသိ အရပ်သားပြည်သူတစ်ဦးရဲ့အလောင်းကို ရွာသားတွေကတွေ့ရှိကြတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ အမည်မသိ လူငယ်တစ်ဦးဟာ ဖေဖော်ဝါရီ ၂၇ ရက်ညနေပိုင်းက ဖလမ်းမြို့ကနေ ဟားခါးဘက်သို့ ဆိုင်ကယ်တစ်စီးနဲ့ အရှိန်ပြင်းပြင်းမောင်းလာကာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက လုံပီးရပ်ကွက်တွင် ရပ်တန့်ခိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ဒေသခံတစ်ဦးက “သူမောင်းတဲ့ ဆိုင်ကယ်လည်း လုံပီးရပ်ကွက်မှာထားကြတယ်။ ဆိုင်ကယ်ထဲမှာ ပိုင်ရှင်ရဲ့ အချက်အလက်လည်းမတွေ့ရဘူး။ ဆိုင်ကယ်ပေါ်မှာ ဓာတ်ဆီတစ်ပုံးလည်းကျန်ခဲ့တယ်။ အခုထိ သေဆုံးတဲ့သူကဘယ်သူလဲဆိုတာမသိရသေးဘူး။ အလောင်းကို လမ်းဘေးမှာ လွတ်ပစ်ကြတယ်။ ညာဘက်မျက်လုံးမရှိတော့ဘူး။ မျက်နှာတစ်ခြမ်းလည်း မြင်မကောင်းဘူး။ လည်ပင်းကိုဓားနဲ့လှီးကြတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အသတ်ခံရတဲ့ပုံပေါ်တယ်” လို့ပြောပါတယ်။

သေဆုံးသူဟာ အသက် ၂၀ ကနေ ၃၀ ကြားအရွယ်ဖြစ်ပြီး လည်ပင်းမှာ လက်ဝါးကားတိုင်ပုံ ဆွဲကြိုးဆွဲထားပါတယ်။

ရိက္ခာတင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ယနေ့တွင်လည်း တားလ်နဲ့ တလန်ဇာရွာကြားမှာ လက်နက်ကြီးတွေအဆက်မပျက်ပစ်ခတ်ကြတယ်လို့သတင်းရရှိပါတယ်။


Zalen

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဖမ်းဆီးပြီး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကိုဖမ်းဆီးပြီး မျက်လုံးဖောက်ကာ လည်လှီးသတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.