တန်ဆည်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ လူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျတ်စီး၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


၂၀၂၂ ခုနှစ်၊ မတ်လ၊ ၂ရက်

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်၊ ရွှေကျင်ကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက မတ်လ၂ရက်နေ့ ညနေ၃နာရီခန့်တွင် မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးထံမှ သိရှိရပါတယ်။ 

အရင်၁လပိုင်း၈ရက်နဲ့၉ရက် က ရွှေမောင်းခံဘုရားဘက် တဲတိုက်တွေ စပါးတွေ မီးရှို့ခံရတယ်။၁လပိုင်း၁၀ရက်မှာတော့ နေ့တကြိမ်၊ ညတစ်ကြိမ် ဝင်တယ် ရွာထ​ဲကဆိုင်ကယ်တွေ ယူသွားတယ်၊ ကြက်တွေလည်းဖမ်းသွားကြသေးတယ်။၂လပိုင်း ၁၀ရက်ကျ နွားနဲ့ ကျွဲ ၁၁ကောင် ပျူတွေယူသွားကြတယ်။ခုမီးရှို့ခံရတာကတော့ အိမ်ခြေ ၄၀ ကျော်ရှိတာကို ၅အိမ်လောက်ပဲကျန်တယ် လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တန်ဆည်မြို့နယ်၊ ရွှေကျင်ကျေးရွာဟာ ယခုအကြိမ်နဲ့ဆို ရွာထဲမီးရှို့ခံရတာ ၃ကြိမ်ရှိနေပြီး ရွာအပြင်ကစပါးတွေ တဲအိမ်တွေ မီးရှို့ခံရတာ၂ကြိမ်ရှိပြီလို့လည်းသိရှိရပါတယ်။ဒေသခံများလည်း ဆေးဝါးအထောက်အပ့ံ၊စားစရာအထောက်အပ့ံ၊ အဝတ်အစား စတာတွေလိုအပ်နေပါတယ်။တန်ဆည်မြို့နယ်ရှိ ကျေးရွာများဟာ နေ့တိုင်းလိုလို စစ်ကောင်စီနဲ့ ပျူများက ပူး​ပေါင်းပြီး မီးရှို့ဖျတ်ဆီးခံနေရပါတယ်။


သတင်း-စွမ်းလမ်းထက်

မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

တန်ဆည်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ လူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျတ်စီး၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ တန်ဆည်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ လူနေအိမ်များကို စစ်ကောင်စီမှ မီးရှို့ဖျတ်စီး၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.