ဒီမော့ဆို ကျွန်းတောကျေးရွာမှ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ခဲ့ပြီး တင့်ကား ၁ စီးနှင့် စစ်ကောင်စီ ၂၄ ယောက်သေ ဟုထုတ်ပြန်
မဲခေါင်၊ မတ် ၂
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ကျွန်းတောကျေးရွာတွင် တင့်ကားနှင့်စစ်ကောင်စီအဖွဲ့ဝင် ၁၀၀ ခန့်ကို ဒီမော့ဆို PDF က မတ် ၁ တွင် သွားရောက်တိုက်ခဲ့ပြီး တင့်ကားအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ယနေ့ထုတ်ပြန်သည်။
ဒီမော့ဆို PDF ဘက်ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် တင့်ကားပျက်စီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအဖွဲ့ဝင် ၂၄ ယောက်ကျဆုံးသည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲသည် ၃ နာရီခန့်ကြာမြင့်ပြီး ဒီမော့ဆို PDF၊ လွိုင်ကော် PDF၊ KNDF၊ KA၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်နှင့် တော်လှန်ရေးအင်အားစုများက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီအဖွဲ့က အင်အားအဆမတန်ဖြည့်ဆည်းနေပြီး စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ထပ်မံတိမ်းရှောင်ကြရန် သတိပေးထါးသည်။
MeKong News - မဲခေါင်သတင်း
ဒီမော့ဆို ကျွန်းတောကျေးရွာမှ စစ်ကောင်စီအဖွဲ့အား တိုက်ခိုက်ခဲ့ပြီး တင့်ကား ၁ စီးနှင့် စစ်ကောင်စီ ၂၄ ယောက်သေ ဟုထုတ်ပြန်
Reviewed by THITHTOOLWIN
on
23:24
Rating:
No comments:
Post a Comment