မုံရွာမြို့ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့စစ်အုပ်စု လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခံရ


မုံရွာ၊ မတ် ၃၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာရုံးအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၃၀ ရက် မနေ့ကညပိုင်းမှာ  မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

စစ်တပ်က အင်အား ၂၀၀ ကျော်နဲ့တပ်စွဲထားတဲ့ အဲ့ဒီရုံးအတွင်းကို ည ၆ နာရီခွဲလောက်မှာ လက်ပစ်မိုင်း ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့  Unity Force Monywa တာဝန်ခံ ကိုအောက်ဆွဲကပြောပါတယ်။ 

“ ကျနော်တို့ ၆ နာရီ ၃၀ မိနစ်မှာ စတင်လှုပ်ရှားခဲ့တယ်၊ အဲဒီနေရာကလည်း ပြည်သူတွေသွားလာဖို့ခက်ခဲတဲ့ နေရာပါ၊ အဲဒီမှာ စစ်ကောင်စီကအမြဲတမ်း ပုံမှန်အင်အား ၂၀၀ နဲ့တပ်စွဲထားတာပါ၊ လက်ပစ်မိုင်းကို ရှေ့ ၁ လုံး နောက် ၁ လုံးနဲ့ပစ်ခတ်ခဲ့တာပါ၊ “ လို့ သူကပြောပါတယ်။ 

ရုံးအတွင်းဖောက်ခွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက  မိုင်းပစ်သွင်းခဲ့တဲ့ ရဲဘော်တွေကို ကားနဲ့လိုက်ပြီး ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ကိုအောက်ဆွဲက ဆက်ပြောပါတယ်။ 

“ အဲလိုလက်ပစ်မိုင်းနဲ့ ပစ်ခတ်တာမှာ သူတို့ကိုထိတော့ ကားနဲ့လိုက်ပစ်တယ်၊ သူတို့လိုက်ပစ်တဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေ လွတ်အောင်ပြေးရတယ်၊ ဆိုင်ကယ် ၁ စီးကရပ်သွားလို့ထားပစ်ခဲ့ရပါတယ်၊ ရဲဘော်တော့လွတ်မြောက်ပါတယ်၊ သူတို့လိုက်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း သေနတ်အတိုနဲ့ပြန်ပစ်တယ်၊ “ လို့  သူကဆက်ပြောပါတယ်။ 

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိ၊ မရှိကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ဒီဖောက်ခွဲမှုကို Unity Force monywa နဲ့ Brother Defense Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် ညနေပိုင်းကလည်း အဲ့ဒီရုံးအတွင်း ခေတ္တတပ်စွဲထားတဲ့ စစ်ကောင်စီယာဥ်တန်းကို UFM နဲ့ BDF နှစ်ဖွဲ့ကပဲ မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

မုံရွာမြို့ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့စစ်အုပ်စု လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခံရ မုံရွာမြို့ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့စစ်အုပ်စု လက်ပစ်မိုင်းနဲ့ ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 17:50 Rating: 5

No comments:

Powered by Blogger.