ဓာတ်ပုံ - စစ်ကောင်စီသူလျှို သန်းဦး (ကံကြီးကျေးရွာ) |
မတ်လ ၂ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဖေဖော်ဝါရီလအတွင်း စစ်တပ်သတင်းပေးတဦးနဲ့ ပျူစောထီးအဖွဲ့ဝင် တဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ချောင်းသာမြို့၊ ကံကြီးကျေးရွာနေ စစ်ကောင်စီသူလျှိုဖြစ်သူ သန်းဦးအားသေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ချောင်းသာအပိုင်၊ အောင်ကောင်းကျေးရွာနေ စကစသူလျှို (ပျူစောထီး ၅ ရက်သင်တန်းတက်ပြီး) တင်ဝင်း (ခ) ရခိုင်တင်ဝင်းကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
" ပြည်သူတွေကို ပြောချင်တာတော့ တော်လှန်ရေး ဆက်လက်အကောင်ထည်ဖော်သွားဖို့ များများ ကူညီပေးကြပါလို့ပြောချင်ပါတယ်''လို့ ပြောပါတယ်။
စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးအဖွဲ့ဝင်တို့ကို ဧရာဝတီရဲ့ အမာခံမဟာမိတ်တော်လှန်ရေးအင်အားစုများဖြစ်တဲ့ Pathein Western Defence Force (P.W.D.F)နဲ့ Beach Defence Force (BDF), West Coast Defence Force (WCDF)တို့ ပူးပေါင်းရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီကို အထောက်အပံ့ပြုကာ ပြည်သူလူထုအား ကြီးမားစွာဒုက္ခပေးပြီး ပြည်သူ့တော်လှန်ရေးရဲ့ ဆူးငြောင့်ခလုပ်မှန်သမျှ မိမိတို့မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ ဆက်လက်ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment