မုံရွာမှပြည်သူများ ယနေ့နေ့လယ်ကစ၍ အပြင်မထွက်ကြရန် တော်လှန်ရေးအဖွဲ့များသတိပေး


မုံရွာ၊ မတ်လ ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌နေထိုင်သည့် ပြည်သူများအနေဖြင့် ယနေ့ မတ်လ (၁) ရက်‌နေ့ နေ့လယ် (၁) နာရီမှစ၍ အရေးကြီးကျန်းမာရေးကိစ္စမှလွဲ၍ အပြင်မထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၇) ဖွဲ့က အရေးပေါ် ထုတ်ပြန်လိုက်သည်။

ပြည်သူကာကွယ်ရေးတပ်များအနေဖြင့် ယနေ့စစ်ဆင်ရေးရှိသည့်အတွက် ထိုသို့အသိပေးခြင်းဖြစ်ပြီး လမ်းပေါ်တွင်သွားလာနေသည့် အိမ်စီးကားများ အနေဖြင့်လည်း မှန်ချမောင်းနှင်ကြရန် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများအပြင် ၎င်းတို့၏ လက်ပါးစေရဲတပ်ဖွဲ့ဝင်များနှင့် နီးကပ်စွာမနေကြရန်၊ စစ်ဆေးရေးဂိတ်များအနီးသို့သွားလာခြင်း မပြုကြရန်လည်း သတိပေးထားသည်။

အဆိုပါ အသိပေးထုတ်ပြန်ချက်ကို မလိုက်နာဘဲ အသွားအလာပြုလုပ်၍ ထိခိုက်မှုရှိခဲ့ပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။


Lu Nge Khit

မုံရွာမှပြည်သူများ ယနေ့နေ့လယ်ကစ၍ အပြင်မထွက်ကြရန် တော်လှန်ရေးအဖွဲ့များသတိပေး မုံရွာမှပြည်သူများ ယနေ့နေ့လယ်ကစ၍ အပြင်မထွက်ကြရန် တော်လှန်ရေးအဖွဲ့များသတိပေး Reviewed by THITHTOOLWIN on 22:28 Rating: 5

No comments:

Powered by Blogger.