မန္တလေး-ကသာ အသွားအပြန်လုပ်သည့် အကြမ်းဖက်စစ်ကောင်စီ စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်

ဓာတ်ပုံ- ယမန်နေ့က မန္တလေး-ကသာ သွားလာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီသင်္ဘော

မန္တလေး၊ မတ် ၃၁

မန္တလေး-ကသာသို့အသွားအပြန်လုပ်နေသည့် စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက်  မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးချထားကြောင်း ဒေသခံများထံကသိရသည်။

မတ်လ ၁၀ ရက်နေ့က ဝက်လက်မြို့နယ် နတ်တောင်နဂါးအဖွဲ့နှင့်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မန္တလေးမှ ကသာသို့ ထွက်ခွာလာသည့် စစ်သင်္ဘောကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ရေကြောင်းဖြတ်သန်းသွားရသည့် ကျေးရွာများတွင် လုံခြုံရေးများချထားခြင်း ဖြစ်သည်။

"ချက်ချင်းကြီးရောက်လာပြီး ရွာတွေကိုတပ်စွဲတာ။ သင်္ဘောကတော်တော်အရေးကြီးပုံပဲ။ ရှေ့ပြေးစစ်မော်တော် အသေးနှစ်စီးနဲ့သွားတာ။ အဲဒီစစ်သင်္ဘောကလည်း ပစ်လိုက်တာ။ တစ်လမ်းလုံး လက်နက်ကြီးတွေနဲ့ပစ်သွားတယ် "ဟု စဥ့်ကူးမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ယမန်နေ့ မတ်လ ၃၀ ရက်နေ့က စစ်သင်္ဘောတစ်စီး မြစ်ကြောင်းအတိုင်း မန္တလေးသို့ဆင်းလာပြီးနောက် ရှေ့ပြေး စစ်မော်တော်များနှင့် မြစ်အနီးအနားရွာများတွင် စစ်တပ်ကလုံခြုံရေးယူထားကြောင်း ဒေသခံများကပြောသည်။

"ကြောက်ပြီး တစ်လမ်းလုံး ပတ်ရမ်းပစ်သွားသေးတယ်။ ရှိန်းမကားဘေးမဲ့တောကျောင်းကိုလည်း လက်နက်ကြီးနဲ့ ပစ်သွားတယ်။ဘာမှမထိသွားဘူး"ဟု ရှိန်းမကားကျေးရွာတွင်နေထိုင်သူတစ်ဦးကလည်းပြောသည်။

ထို့အပြင် မြစ်အနီးအနား ကျေးရွာများကို တစ်ရွာခြားစီ တပ်စွဲခဲ့ပြီး စစ်သင်္ဘောထွက်သွားပြီးမှသာ ၎င်းတို့လည်း ပြန်သွားကြောင်းသိရသည်။


Lu Nge Khit

မန္တလေး-ကသာ အသွားအပြန်လုပ်သည့် အကြမ်းဖက်စစ်ကောင်စီ စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့် မန္တလေး-ကသာ အသွားအပြန်လုပ်သည့် အကြမ်းဖက်စစ်ကောင်စီ စစ်သင်္ဘော ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့် Reviewed by THITHTOOLWIN on 17:54 Rating: 5

No comments:

Powered by Blogger.