အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ


မန္တလေးမြို့အနီး ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)က သတင်းထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်)နံနက် ၁၁နာရီ ၅၀မိနစ်အချိန်က ရန်ကုန်-မန္တလေး(အမြန်လမ်း) အတိုင်း အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ် တစ်စီးသည် မန္တလေးသို့ဦးတည် မောင်းနှင်သွားကြောင်း သတင်းရရှိ သောကြောင့် အမြန်လမ်းမိုင်တိုင် ၃၃၃၊ ၁ဖာလုံအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F) က အသိပေးသည်။

"ဖြစ်တဲ့နေရာက တံတားဦးမြို့နယ်ထဲမှာပါတယ်ခင်ဗျ။ခေါင်းခန်းထဲက သုံးဦးထိတယ်။အနောက်ခန်းကတော့အလုံပိတ်ဆို တော့မသိရပါဘူး"ဟု ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရသည့်မိုင်တိုင်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ခဲယမ်း များတင်ဆောင်လာသည့်ထောက်ပို့ကားများ မကြာခဏ ဖြတ်သန်းသွားလာနေပြီး တံတားဦးလေဆိပ်မှတစ်ဆင့်သယ်ယူနေသည် ဟုယူဆရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂ ရက် နေ့လယ်ပိုင်းနှင့်ညနေပိုင်းအချိန်များက ရန်ကုန်- မန္တလေး အမြန်လမ်းအတိုင်း မန္တလေးသို့ ဦးတည်မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားများအား အမြန်လမ်း မိုင်တိုင်၃၄၂ ဂုဏ်တောရိုးတံတားပေါ်အရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေး တပ်ဖွဲ့(K.D.D.F)မှ မိုင်းများခွဲကာ ခုခံတိုက်ခိုက်ခဲ့သေးသည်။


People's Spring 

အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ အမြန်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီထောက်ပို့ယာဥ် မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 00:14 Rating: 5

No comments:

Powered by Blogger.